ပထမဆုံး GCC သွားတက်မယ့်နေ့က ရင်ခုန်ပြီး လည်းအစောကြီး မနိုးပါဘူး။ ကျွှန်မ ထုံးစံ အတိုင်း အခန်းထဲ အောင်းပြီးနေနေတာ ၃ရက် လောက်ရှိတော့ ညီမက ကြည့်မရဘူးထင်ပါတယ်။ ဘယ်သူမှလဲ စကားမပြောပဲ အခန်းထဲမှာပဲ ပါလာတဲ့ စာအုပ်တွေ ဖတ်လိုက် ၊မုန့်တွေစားလိုက်နဲ့ ဆိုတော့ သူ့အမကို ကျောင်းမသွားဘူးလား ၊ ဒီတိုင်းပဲ နေတော့မှာလား ဆိုပြီးမေးချင် နေပါလိမ့်မယ်။ ကျွှန်မကလည်း စကားပြောချင် စိတ်မရှိဘူး ဆို ၁ ပါတ် လောက်ကို စကားကို ဘယ်သူနဲ့ မှ မပြောပဲ နေတတ်သလို၊ ပြောပြီဟေ့ ဆိုလဲ စက်သေနတ် ပစ်သလိုမရပ်တော့ဘူး။ :) အဲဒီလို နဲ့ အမ မနက်ကို ဆရာမကြီးက ကောလိပ်ကို လာခဲ့ပါတဲ့ဆိုပြီး လာပြောပါလေရော. ... အင်း မသွားလို့တော့ မရတော့ဘူး အာဏာစက်နဲ့ ခေါ်နေပြီဆိုတော့ အေး မနက်ဖြန်ကို တူတူ သွားမယ်လေဆိုပြီးပြောတော့ ညီမ မျက်နှာကြီးက ပြုံးသွားတာ လမင်းကြီးအတိုင်းပဲ.. ကျွှန်မကြည့်မရလို့ သူပဲသွားပြီးဆရာမ ကြီးကိုသွားပြော ထားလားမှမသိတာ။ :)

၁၀မိနစ် လောက်ဆိုင်ကယ်စီးရင် ရောက်တဲ့ GCC ဟာ လမ်းလျှောက်တဲ့လူတွေအတွက်တော့ တော်တော်ပြိုင်းမှာပါ ၊၊ လမ်းတလျှောက် ဘာ သစ်ပင်မှလည်းမရှိပါဘူး။ လေးဖြူရဲ့ လျှောက်စမ်း ကန္တာရရဲ့ခရီး သည် သီချင်းကိုဆိုပြီး လမ်းလျှောက်ရင်း အမတန် ပနံသင့်ပါတယ်။ အဲဒါနဲ့ကျွှန်မဆိုင် ကယ်ကို ကွင်းပြင်ကျယ်ကြီးထဲမှာ တိုက်ပု ၅လုံးတန်းစီပြီးဆောက်ထားတဲ့အစွန်ဆုံး တိုက်လေးရှေ့မှာ ညီမက ရပ်ဆိုတော့ အဲဒါငါတက်ရမဲ့ အခန်းလားဆိုတော့မဟုတ်ဘူး။ အရင်ဆုံးဆရာမကြီး ဆီကို သွားရမှာ။ ပြီးရင်ဟိုဘက်တိုက်က အမတက်ရမယ့်အခန်းတဲ့။ 1st year ဆို 1 ခန်း။2nd year ဆို 1ခန်း၊ 3rd year က 1 ခန်း နဲ့ hons 1 ခန်းခွဲ ထားတာဆိုပြီး ရှင်းပြပါတယ်။ အဲဒီလိုနဲ့ဆရာမကြီးဆီကိုသွား ၊ဆုံးမ တာကိုနားထောင် ပြီးတော့ကိုယ်တတ် ရ မည့်အခန်းဘက်ကို ကဲငါသွားတော့ မယ်ဆို တော့ ညီမက လိုက်ပို့ပေးရမလားလို့မေးရှာပါ တယ်။ သူ မိတ်ဆက်ပေးမယ်ပေါ့။ အခန်းထဲ က လူတွေနဲ့ မျောက်မူးလဲစိတ်ဓါတ်က အဲဒီလို သူတစ်ပါးအားကိုနေရတဲ့ သူငယ်ချင်းဆိုတာကို မလိုချင်ပါဘူး။ ကံတရားအရ ခင်လာတဲ့သူငယ်ချင်းကိုပဲလိုချင်တာလေ။ နေနေ ရတယ် ၊ ငါဘာသာ သွားမယ် ဆိုပြီး ကိုယ်ဘာသာ ကိုဆိုင်ကယ်ကိုပြန်လှည့်မောင်းခဲ့ပါတယ်။ အခန်းရှေ့ဆိုင်ကယ်ရပ်ပြီး ဆင်းတော့ အချို့ကလဲ တီးတိုးတီးတိုးပေါ့။ ကျွှန်မပုံစံက ကျောင်းသားတော်တော်များများ ဒီဇိုင်းမျိုးစုံလွယ်အိတ်တွေ လွယ်နေတဲ့ခေတ် ကြီး ထဲမှာ ၁၀တန်းကတည်းက ကျွှန်မသုံး ခဲ့တဲ့ ကချင်လွယ်အိပ်ကိုယောက်ကျာင်္း တွေလိုထုံးပြီးလွယ်၊ ဖိနပ်က ယောက်ကျာင်္းလေး တွေစီးတဲ့ အောကတ္တီပါနဲ့။ ပုံစံက ကျောင်း သားသစ်နဲ့မတူအောင်မျက်ပေးက စောင့်ကြွားကြွားနဲ့ကိုး...ထိုင်တော့လည်း မိန်းကလေးတွေ ထိုင်တဲ့အခြမ်းမှာ မထိုင်ပဲ ယောကျာင်္းလေးတွေ ထိုင်တဲ့နောက်ဆုံး အတန်းမှာ တစ်ယောက်တည်း သွားထိုင်နေတာတော့၊ ဟ ဘာလဲ Fighter လား ဆိုတဲ့ မျက်နှာပေးနဲ့ နောက်ဆုံး တန်းက ကောင်လေး တွေပေစောင်းစောင်းနဲ့ ကြည့်လေရဲ့

န်းကို မနက် ၂ ချိန်တက် နေ့လည်ဆို ပြန်မသွားပဲ အဆောင်မှာနှပ်၊ ပြီးရင်ညနေ ၂ ချိန် သွားတက်၊ မနက်ကို အဆောင်မှာနှပ်နဲ့ ၁ပါတ်လောက်ကြာတော့ နေသားကျ လာပါ ပြီ ၊၊အခန်းထဲက လူတွေနဲ့လည်းပြုံးပြ ဘာညာ တော့ရှိပါတယ်။ ဒီလိုနဲ့နေလာတာ တစ်နေ့ကျတော့အမ ဆိုင်ကယ် ခဏ လောက် ငှားပါလားဆိုပြီး ကောင်မလေး တစ် ယောက် ကျွှန်မကိုလာပြောတော့ ကျွှန်မ လည်း ယူသွားလေညီမ အမထမင်းစားပြန်တဲ့အချိန်တော့မှီအောင် ပြန်လာခဲ့နော် ဆိုတော့ အဲဒီ့ကောင်မလေးက ဟုတ်ကဲ့အမတဲ့။ သမီး တောင်ငူတိုင်းထဲ သွား စရာ ရှိလို့ပါတဲ့ ၊၊ကျွှန်မလည်း အင်း ဆိုပြီး သော့ ထိုးပေးလိုက်တာပေါ့။ အဲဒါနဲ့ အဲကောင်မလေး ဆိုင်ကယ်ယူသွားတာ နေ့ လည်ထမင်းစားခါနီးကြတော့ ပြန်လာပါတယ်။ အမတဲ့ သမီးတောင်ငူ သွားရအုံးမှာ မို့လို့ပါ အမဆိုင်ကယ်သမီး ထပ်ယူသွားမယ်နော် သမီးသူငယ်ချင်းတွေပါလာလို့ အမ အဆောင်ကို ဆိုက်ကားငှားပြီးပြန်လိုက် ရော့ ၂၀၀ ဆိုပြီး ကျွှန်မကိုပိုက်ဆံ ၂၀၀ ချ ပေးပြီးသူက ကျွှန်မ ဆိုင်ကယ်ကို ခပ်တည် တည်နဲ့ယူသွားပါရော။

အတန်းထဲက လူတွေလည်း ၀ိုင်းကြည့်နေလေရဲ့။ ကျွှန်မ လည်း ဒီလိုလူမျိုး တစ်ခါမှမမြင်ဖူးဘူး အမှန်ဆို ကျွှန် မ ရဲ့ အေး ယူသွားလေ ဆိုတဲ့စကားကို စောင့်ရ မှာပေါ့ ရှင်၊ပြီးတော့ကျွှန်မကို အဆောင် လေးတော့ လိုက်ပို့ပေးသင့်တာပေါ့။ အခုတော့သူကကျွှန်မအတွက်စီစဉ်ပေးသွားတဲ့ ပိုက်ဆံ၂၀၀ကိုပဲကျွှန်မကသူ့ကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ ကျွှန်မ လည်း ဒေါသကထွက်၊ စိတ်လည်းပေါက်တာနဲ့ အဲဒီ့၂၀၀ ကိုကျွှန်မရှေ့ ကကောင်လေးတွေ ကိုပေးပြီး ဟဲ့ ပြောလိုက် အဲကောင်မလေးကို အဲဒီ့ ၂၀၀ကို ငါ့ကိုမပေးနဲ့၊ ငါ့ စေတနာ ၂၀၀ တန် ဖြစ်သွားမှာဆိုးလို့ လို့ ပြောလိုက်ဆိုပြီးကျွှန်မ ၀ုန်းခနဲ အခန်းထဲကနေထွက် ၊ အတန်းဆင်းချိန် မ ဟုတ်ရင် ဆိုက်ကားသမားလည်းနေပူထဲဘယ်ရှိမလဲ၊၊ဒေါသထွက်ရင် ကျမနေလို့ မရတော့ဘူး၊ အဆောင်ပြန်မှ ဖြစ်မယ် ဆိုပြီး ကျွှန်မ နေခင်းကြောင်ကြောင် ကွင်းပြင်မှာ လမ်း လျှောက်လာလိုက်တာ လမ်းတစ်ဝက် ရောက်တော့တော်တော်မောနေပါပြီ ၊မောရာ ကနေ မူးလာရော အဲဒါနဲ့လဲတော့မယ်ဆိုတာ ကျွှန်မကိုယ် ကျွှန်မသိတော့ ခပ်လှမ်းလှမ်း မှာ အိမ် ဆိုင်လို ဆိုင်အရှေ့လေးတစ်ခု တွေ့တော့အတော်ပဲဝင်နားလို့ရပြီ ၊၊ အဲဒီ့ကို တော့ ရအောင် လျှောက်မယ် ဆိုပြီး အဲဒီ့ဆိုင်ထဲကို အားတင်းပြီးလမ်းလျှောက်တာ ဆိုင်ထဲလဲ ရောက်တော့ အဖွားကြီးတစ်ယောက်တွေ့ တော့ အဖွားသမီးမောလာလို့ လမ်းမ လျှောက်နိုင်တော့လို့နားပါရစေဆိုပြီး တွေ့တဲ့ကုလားထိုင်ပေါ်မှာ ပစ်ထိုင်လိုက်တော့ လူက မျက်စေ့လည်း မဖွင့်နိုင်တော့ဘူး။ နားထဲမှာ တော့အသံ တွေကြားနေရလေရဲ့။ ဟဲ့ အထဲကလာကြဦး ၊ ဖိနပ်ချွှတ်ပါ ဟဲ့။ လွယ်အိပ် ချွှတ်ပေးလိုက်အုံးနဲ့ အသံတွေ ကြားတစ်ချက်မကြားတစ်ချက်ပဲ။

မျက်လုံးတွေကိုအားယူပြီးဖွင့်ကြည့်လိုက် တော့ ကျွှန်မလန့် သွားတယ်၊ ကျွှန်မပတ်ပတ် လည်မှာ ယောက်ကျာင်္းတွေ ၅ ယောက်လောက် ၀ိုင်းပြီးယက်ခတ်ပေးတဲ့သူနဲ့ သတိရပြီဟေ့ ရေယူလာပါအုံး ရော့ရော့ရေသောက်လိုက် အမ သတိရ လာပြီလား အမသတိလစ်နေတာ ၁၅မိနစ် လောက်ရှိပြီ တော်သေးတယ် အဆောင်ထဲ အထိ အမ၀င်လာလို့ မဟုတ်ရင်ဒီအဆောင်ကျော်သွားမှလဲရင် ကျွှန်တော်တို့လည်း သိမှာ မဟုတ်ဘူး။ ကျောင်းပြေးပြီးတော့ ဖဲရိုက်နေကြတာ အမရဲ့၊၊ အော် သဘော ပေါက်သွားပြီ ၊ ဒါဆို ကျွှန်မယောက်ကျာင်္းလေး အဆောင်ကိုရောက်နေတာပေါ့၊ အိမ် ထဲမှာ အဖွား ကြီးရယ်၊ ကျွှန်မရယ် ဘဲ မိန်းမရှိတယ် ကျန် တာ ယောက်ကျာင်္းတွေချည်းပဲ ၊ အဖွား ကသမီးရယ် နေမကောင်း ဘူးလား။ မျက်လုံး တွေကလည်း ရဲနေတာပဲ ဆိုတော့ ကောင်းလေးတစ်ယောက်ကအမကကျောင်း သားသစ် အဖွားရဲ့ ၊ မသီရိ အမ သားတို့ ပြီးရင် အဆောင်ထဲကို လိုက်ပို့ပေးလိုက်မယ် အမနား အုံး။ ဘာမှအားမနာနဲ့ အမကို သားတို့သိတယ်၊ အမ လို့တဲ့ အကူညီရှိရင်ပြော စာကလွဲလို့ အကုန် ကူညီမယ် ၊ တောင်ငူ GCC မှာသူတို့ အဖွဲ့ ကိုဘယ်သူမှလှန်မကြည့်ရဲဘူးသိလားဆိုပြီး ကောင်လေးတစ်ယောက်က ပြောတော့၊ ကျွှန်မလည်း သား လှန်ပြီးကြည့်ရင်အကုန်လုံး ဒုက္ခရောက် ကုန်မှာပေါ့သားရ.၊ဆိုပြီးနောက်တော့ အကုန်လုံးဝိုင်း ရယ်ကြပါတယ် ၊၊

ဟေ့ ကောင်တွေဟိုမှာ ၀တုတ်တို့ မဟုတ်လား ဆိုတော့ကျွှန်မကြည့် တော့အခန်းထဲက မြင်ဖူးနေတဲ့ကောင်မလေး ၅ ယောက် စက်ဘီးလေး တွေကိုယ်စီနဲ့၊ ဟဲ့ ဘာ ဖြစ်တာလဲ မျိုးကြီး၊ ဒီမှာ အမ မူးလဲလို့ အေးငါ တို့သိတယ် ဟိုပဲအီကြာမဆိုင်ကယ်ငှား သွား တာ လုပ်ပုံက အချိုးမပြေဘူး၊ ညကျမှ အဆောင် မှာ တွေ့မယ် ဒီကောင်မဆိုပြီး ကျိမ်းတော့ ကျွှန်မကမဟုတ်ပါဘူး ညီမတို့ရယ် အမကနေကောင်းခါစ မိုလို့ ဘာညာဆိုပြီး ချော့ပြောရပါတယ်။ သူတို့ပုံစံ က ဟိုကောင်မလေးကို တွေ့ရင် တကယ်ကိုဝိုင်းရိုက်မဲ့အပေါက်လေ။ အဲဒီလို အလွဲတွေနဲ့ ယောက်ကျာင်္းလေး အဆောင်ထဲကိုမှ ခပ်တည် တည်နဲ့ ၀င်ပြီး သွားနားတဲ့ ကျွှန်မ၊ အဆောင်ရောက်တော့ လည်း ကျမညီမ သြော် ချရလောက်အောင် အတွဲညီတဲ့၊ ကံတရားအရ ခင်ဖို့ သူငယ်ချင်းတွေ အများကြီးရလာပါ တော့ တယ်။






ကျေးဇူးတော်ရှင် ရွှေမင်းဝံ ဆရာတော် တရားပွဲ
(၂၁.၆.၂၀၀၉) at London တိသရဏ ဘုန်းတော်ကြီးကျောင်း









(၂၈.၆.၂၀၀၉) နေ့က မျောက်မူးလဲလေး Chiswick Town Hall မှာ ကျင်းပတဲ့ (၁၂) ကြိမ်မြောက် မြောင်းမြ ဆရာတော်ကြီးပူဇော်ပွဲ နဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို
သွားခဲ့ တာလေးကို သာဓု ခေါ်စေနိုင်ဖို့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ် ၊၊









ဆွမ်းများပြင်ဆင်နေစဉ်















အချိုပွဲများ














ဘုန်းတော်ကြီးများ ဆွမ်းဘုဉ်းပေးနေစဉ်












မျောက်မူးလဲလေးတို့ မောင်နှမတစု ၀ါဆိုသင်္ကန်း တစုံ ဆပ်ကပ်
လှူဒါန်း ခဲ့ပါတယ် ၊၊ ဒီနှစ်စုစုပေါင်း ၀ါဆိုသင်္ကန်း အစုံ ၁၀၉ ခု အလှူလက်ခံရရှိခဲ့
တယ်လို့သိရှိရပါတယ်၊၊



















သူ့ကို ကျွန်မ ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံမျိုးနဲ့ တွေ့ရမယ်လို့ မထင်မိတော့ တော်တော်အံ့သြသွားခဲ့တယ်.. သူက ၀မ်းသာအားရနဲ့ ကျွန်မကိုလာနှုတ်ဆက်တယ်..ပြီးတော့ စကားပြောရအောင်ဆိုပြီး သူကပဲ ဦးဆောင်ပြီး ကော်ဖီဆိုင် တခုကိုခေါ်သွားခဲ့တယ်.. ကော်ဖီဆိုင်ရောက်တော့ ကျွန်မတို့ ကော်ဖီသောက်ကြရင်း သူကပဲ ကျွန်မကိုစပြီး ယဉ်ယဉ် မင်း ကိုကြည့်ရတာအရမ်းအံ့သြနေပုံဘဲတဲ့..ကျွန်မ ဟန်မဆောင်နိုင်တော့ပဲ အင်း ဟုတ်တယ် ကိုယ်မင်းကို ဒီလိုမျိုးတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး … မင်းလှလာတယ် ၊ပြီးတော့ မင်းမျက်လုံးတွေက အရမ်းကို active ဖြစ်နေတာပဲ ဆိုတော့ သူက ရီပါတော့တယ်..ဘာလဲ မင်းကိုယ့်ကို သေသွားတာ ၄ နှစ်လောက်ရှိပြီလို့ ထင်လို့ မဟုတ်လားတဲ့ .. ကျွန်မလဲ အားနာစွာနဲ့ အင်း တလုံးတည်းပဲ ပြန်ဖြေနိုင်တော့တယ်..

ဟုတ်တယ်လေ. လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ကျွန်မတို့ သူငယ်ချင်းတွေကို ဆရာမတွေဦးစီးပြီး သူ့ကို လူနာသတင်းသွားမေးခဲ့တယ်.. ၃ လပဲ ခံတော့မယ်ဆိုတဲ့ သမားတော်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြေကွဲနေတဲ့ သူ့မိသားစုရဲ့ မျက်လုံးတွေ၊နှလုံးပုံမှန်လည်ပတ်စီးဆင်းမှု မမှန်တဲ့ရောဂါကြောင့် ၃ လပဲခံမယ်ဆိုတဲ့ လူနာနဲ့ လိုက်အောင် နောက်ဆုံးတွေ့ခဲ့ရတဲ့ သူ့ပုံစံက ပိန်လှီပြီး အောက်ဆီဂျင်ပိုက်နဲ့ အသက်ရှူနေရတာ.အခုထိ ကျွန်မ မျက်လုံးထဲက မထွက်ခဲ့ဘူး.. စာကို မှန်မှန်လုပ် အတန်းမှန်မှတ်တက်တဲ့ထဲ သူမပါခဲ့ဘူး.. ဒါပေမယ့် ဆရာ၊ဆရာမတွေအပေါ် ရိုရိုသေသေရှိမှု. ကျွန်မတို့ ပုစ္ဆာ တပုဒ်ကို တွေးတတ်ပုံနဲ့ သူတွေးတတ်ပုံနဲ့ မတူတာ၊ သူတွေးတဲ့ ပုံစံကို တချို့ဆရာမတွေက ချီးကျူးကြတယ်..စာမေးပွဲ result ထွက်ရင် grade ကောင်းကောင်းနဲ့ အောင်တတ်တယ်…ကျောင်းက လုံခြုံရေးဝန်ထမ်းတွေနဲ့ သန့်ရှင်းရေး အလုပ်သမားတွေက အစ သူ့နဲ့ ခင်ကြတယ်... သူက သိပ်အံ့သြမနေပါနဲ့ ယဉ်ယဉ်ရယ်.. မင်းတို့ ဆေးရုံကို လာကြည့်ကြတယ်ဆိုတာကိုယ် အမေပြောပြပါတယ်.. ကိုယ်နေကောင်းတော့ ကျောင်းက ဆရာမတွေကို သွားနှုတ်ဆက်တော့ မင်းLondon ကို သွားပြီလို့ ကြားရတယ်ဆိုပြီး စကားတွေပြောဖြစ်ကြတယ်

ကိုယ် ဆေးရုံမှာ ကိုယ့်ကို ၃ လပဲ နေရတော့မယ်ဆိုတဲ့ သတင်းတွေကို မပြောဘို့ အဖေနဲ့ ဆွေမျိုးတွေက အမေကို ပြောကြတယ် ..ကိုယ်စိတ်ဆင်းရဲမှာ စိတ်အားငယ်သွားမှာကို စိုးတဲ့စိတ်နဲ့ သူတို့ ဘယ်လိုတားတား အမေ့ဆီက အဲဒီ့ သတင်းကို ကိုသိခဲ့ရတယ်.. ကိုယ်ကြားကြားချင်း ကြောက်သွားတယ်၊ ငိုတယ်၊ ကိုယ့်အတွက်ရက်တွေ မကျန်တော့ဘူးဆိုတာ ကိုယ်သိလာတယ်.. ဒါပေမယ့် အမေက ပြောတယ်..ဘယ်နေ့သေမလဲဆိုတာ မသိသေးတဲ့ လူနဲ့စာရင် သမီးအများကြီး ကံကောင်းပါတယ်တဲ့ စစ်မြေပြင်က ဆင်ပြောင်လိုကျင့်သုံးဘို့ကို အမေက ပြောတယ်.. ဘယ်လောက်ပဲ မြှားတွေစိုက်နေနေ ဆင်ဟာ စစ်မြေပြင်မှာ သူမသေမချင်း သူလုပ်ရမယ့် ရည်ရွယ်ချက် အောင်မြင်တဲ့ အထိ မြှားတွေကိုဖယ်ပြီးပန်းတိုင်ကို ရအောင်ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာပဲ သူငယ်ချင်းတဲ့၊၊ အမေ့ရဲ့ အားမာန်အပြည့်နဲ့ ပြောတဲ့စကားတွေက ကိုယ့်ကို အားတက်စေတယ်…၁ လကြာတော့ ကိုယ် အောက်ဆီဂျင်ပိုက်ဖြုတ်ပြီး အသက်ရှု နိုင်လာခဲ့ပြီ..နောက်တော့ ကျန်းမာရေး သိသိသာသာ ပြန်ကောင်းလာခဲ့တယ်..သမားတော်ကြီးတွေ အံ့သြရလောက်တဲ့ အထိ ကိုယ်နေကောင်း လာခဲ့တယ်..နောက် ၆ လကြာတော့ England ကို လာဖို့ စီစဉ်ပြီး ကိုယ်ရောက်လာခဲ့တယ်၊၊ ကိုယ့် ဘ၀မှာ ဘယ်လို အခက်အခဲနဲ့ပဲကြုံကြုံ အမေပြောခဲ့တဲ့ စကားတခွန်းနဲ့တင် အရာရာကို ကျော်လွှား နိုင်ခဲ့တယ် သူငယ်ချင်းတဲ့ ..

သူ့စကားအဆုံး ကျွန်မလက်ကို ကိုင်လိုက်တဲ့ သူ့လက်ရဲ့ နွေးထွေးမှု ၊သတ္တိရှိမှုတွေက ကျွန်မရဲ့သွေးထဲကို စီးဆင်းနေလေရဲ့…ပြီးတော့ ကျွန်မတို့ တယောက်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ၊ email address တွေလဲကြပြီး သူက ကျွန်မလက်ကိုကိုင်ပြီးပြောတယ်.. ကိုယ်ပြောတဲ့စကားကို မမေ့နဲ့နော် ယဉ်ယဉ်တဲ့ .. ကျွန်မ တချက်ပြုံးလိုက်ပြီး ကောင်းပါပြီ သူငယ်ချင်း မင်းစကားကို ကိုယ်ဘယ်တော့မှ မမေ့ပါဘူးလို့ ပြောပြီး လမ်းခွဲခဲ့ကြတယ်.. အပြန်လမ်းတလျှောက်မှာ သူပေးလိုက်တဲ့ စကားတခွန်းက ရင်ဘတ်ထဲမှာစီးလို့ ဘ၀မှာ ဘယ်လောက်ပဲ ကျဆုံးချင် လောက်အောင် စိတ်ဓာတ်ကျပါစေ စကားတခွန်းက လူတယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စေတယ်..ဘယ်လောက်ပဲ ဒုက္ခတွေတွေ့နေ တွေ့နေ စစ်မြေပြင်က ဆင်ပြောင်ရဲ့အားမာန်နဲ့ မသေမချင်း ကြိုးစားနိုင်တယ်ဆိုတဲ့ အသိတခုက ရင်ဘတ်ထဲ စွဲထင်နေတော့တယ်….............


မျောက်မူးလဲတို့အပါအ၀င် ၃၁ ဘုံသားတို့ရဲ့ရုပ၊် နာမ် ခန္ဓာဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်းသေနေတာပါ....(ဒါကြောင့်ကိုယ့် သူငယ်ချင်းတွေက ခင်လို့မသာမ၊ မသာကောင် လို့ပြောရင်စိတ်မဆိုးပါနဲ့၊ အစ ကတည်းက အားလုံးဟာ မသာတွေပဲမို့ လို့ပါ) ဒါကြောင့်မို့လို့ သေချင်းတရား ကိုပွားများချင်းဟာ ...နေ့စဉ်နေတိုင်း ပွားများရမယ့် မရဏာနုဿာတိ တရားလို့ မြတ်စွာဘုရားက အနုဿာတိ တရား(၁၀) ပါးထဲမှာ ဟောကြားခဲ့ပါတယ်။ မျောက်မူးလဲတို့ငယ်ငယ်တုန်းက ကြားနေရတဲ့ ရှေးစာဆိုလိုလို၊ ဘုရားဟောသလိုလိုနဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတ်ယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့စကားကိုလူတော်တော်များများက လက်ခံပြီး ပြောလေ့ရှိပါတယ်.... အမှန်တော့ ဒီစကားကို ဘယ်ဘုရားကမှ ဟောကြားခဲ့တာ မဟုတ်ပါဘူး .....တရားဆိုတာအချိန်တိုင်း ရှာသင့်ပါတယ် ....တရားဆိုတာ အားမှလုပ်ရတဲ့ အလုပ်လဲမဟုတ်ပါဘူး ....လူတွေအကုန်လုံး မအားမလပ်တဲ့ ကြားထဲကပဲ သေသွားရတာပါ...."ကျွန်တော်၊ ကျွန်မ ကတော့အားပြီ၊ သေတော့မယ်"ဆိုပြီး သေသွားတဲ့မသာ တစ်ယောက်မှ မရှိပါဘူး....

မျောက်မူးလဲငယ်ငယ်တုန်းက လူကြီးတွေကစာကျက်ရင်း အိပ်ငိုက်ပြီဆို... ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊တတိယအရွယ်မှာ တရားရှာရတယ်၊ငယ်တုန်းစာလုပ်လေ ဆိုပြီး ခဏခဏ နားထဲမှာ ကြားဖူးတော့.... ဟုတ်သလိုလို ထင်မိပါတယ်.၊၊..ဒါပေမယ့် အသက် ၁ရ နှစ်မှာ မျောက်မူးလဲရဲ့ သူငယ်ချင်းတစ်ယောက် ရေနစ်ရင်းသေသွားပါတယ်....သူက ရုပ်ရည်အားဖြင့်လည်း ချော၊ပိုက်ဆံရှိ၊ ပညာကလည်းတက်ရဲ့သားနဲ့ သေခြင်းတရားက မျက်နှာသာ မပေးခဲ့ပါဘူး ၊၊ ခရီးသွားရင်းမော်တော်မှောက်၊ မော်တော်ပေါ်မှာပါလာတဲ့ လူ ၁၈ ယောက်မှာ ၃နှစ်သားအရွယ် ကလေးတစ်ယောက် နဲ့၇၈ နှစ် အရွယ်အဖိုးကြီး တယောက်ပဲရှင်ခဲ့တယ်.....မျောက်မူးလဲ သူ့အသုဘ သွားတော့ တွေးမိပါတယ် "အော်...ငါလဲအချိန်မရွေး သေသွားနိုင်ပါတယ်" လို့အဲဒီ့အချိန်မှာ သူ့စိတ်ဘယ်ရောက်နေမလဲ.... သေခါနီးမှာ ဘုရား၊ တရား ကို အာရုံမှပြုနိုင်ပါ့မလား. ....ဘယ်ဇောကပ်ပြီး သေသွားတာလဲဆိုပြီးတွေးမိပါတယ် အဲဒီ့ အချိန်ကစပြီး တစ်နေ့သေရမယ်ဆိုတဲ့ အသိကိုစိတ်ထဲသွင်းပြီ၊ ဘယ်အရွယ်ထိ နေရမလဲမပြောနဲ့ မနက်ဖြန်ဆိုတာတောင် ငါ့အတွက် သေချာရဲ့ လားဆိုတဲ့အသိနဲ့...တရားဆိုတာကို စတင်ပြီး စိတ်ဝင်စားမိတဲ့အတွက် မိဘ တွေကိုမေး၊ ဘာသာရေးစာအုပ်တွေ ဖတ်၊ တရားပွဲ သွားတဲ့ အကျင့် ကောင်းတွေ ရလာပါတယ်၊၊အရွယ်(၃) ပါးလုံးမှာ တရားရှာသင့်ကြောင်းကို ဆရာတော် အရှင်ဆန္ဒာဓိက ၊ ဆရာတော် အရှင်အာစာရာလင်္ကာရ နဲ့ ဆရာတော် အရှင်ဇနကာဘီဝံသ စတဲ့ ဆရာတော်ကြီးများရေးထားတဲ့ စာအုပ်တွေမှာ ဖတ်နိုင်ပါတယ်၊၊

ပြီးခဲ့တဲ့ ဇွန်(၂၁) ရက်နေ့က လန်ဒန်မှာ ရွှေမင်းဝံဆရာတော်ကြီးရဲ့ တရားပွဲကို မျောက်မူးလဲ သွားရောက်နာယူ ခဲ့ပါတယ်.... အဲဒီမှာဆရာတော်ရဲ့တရားဟောထဲက ပါတာလေးတစ်ခုကို တင်ပြပေးလိုပါတယ် ရန်ကုန် မဟာစည်သာသနာ့ ရိပ်သာမှာ “ဟိတေသီ’’ သာသနာ့ အကျိုးတော်ဆောင် အဖွဲ့အစည်း တစ်ခုရှိပါတယ်.... ဆရာတော်က အဲဒီအဖွဲမှာ အမျိုးသမီးယောဂီတွေကို တရားစစ်တာဝန် ယူနေရတော့ အမျိုးသမီးတစ်ယောက်က အစပိုင်း ၃ ပတ်လောက် မှာ တရားထိုင်နေရင်း မျက်ရည်တွေ ကျကျနေတာကို သတိထားမိပါတယ်....နောက်ကျတော့ တရားမှတ်တာ၊ စင်္ကြန်လျှောက်တာက အစ အဲဒီအမျိုးသမီးဟာ တော်တော်ကို အမှတ်ကောင်း လာတာကိုတွေ့ရတော့ ဆရာတော်ကြီးက " အော်...သူတရားမှတ်လို့ ရသွားပြီ" ဆိုပြီးဒီလိုပဲနေလိုက်ပါတယ်၊၊နောက်ဆုံးမှာ အဲဒီအမျိုးသမီးဟာ မဟာစည်တရားရိပ်သာရဲ့ ဥာဏ်စဉ်တရားကို နာခွင့်ရခဲ့ပါတယ်၊၊ နောက်ယောဂီတွေပြန်ဖို့ လာနှုတ်ဆက်တော့ အဲဒီ့အမျိုးသမီးကိုတွေ့တော့ ဆရာတော်က မေးပါတယ် "ဘာလို့မျက်ရည်တွေ ကျနေတာလဲ" ၊ဘာတွေမြင်လို့လဲ ဆိုတော့ အမျိုးသမီး ကဖြေပါတယ်..." တပည့်တော် အကြွေးလာဆပ်တာ ပါ ဘုရား" ဆိုပြီး သူ့ရဲ့အဖြစ်ကိုရှင်းပြပါတော့တယ်....

၁၀ တန်း ဖြေပြီးထားတဲ့အချိန်လေးမှာ တရားအားထုတ်ချင်လို့ ဆိုပြီး ကောင်မလေးတစ်ယောက်က မိဘ တွေဆီမှာ ခွင့်တောင်းပါတယ်.....၁၀ တန်းအောင်စာရင်းမထွက်သေးတဲ့ အချိန်လေးမှာ တရားစခန်း ၀င်ချင်လို့ပါ၊ သူငယ်ချင်းတွေ နဲ့လည်း တိုင်ပင်ပြီးပါပြီပေါ့၊မိဘတွေကလဲ ခွင့်မပြုပါဘူး ဒီအရွယ်ဟာ တရားစခန်းဝင်ရမယ့် အရွယ်မဟုတ်ဘူးဆိုပြီ ခွင့်မပြုပါဘူး......ကောင်မလေးကလည်း အဲဒါကိုပဲ နေ့တိုင်းတောင်းဆိုနေတော့လည်း စိတ်ပြောင်းအောင်ဆိုပြီး ... ခရီးသွားကြမယ်ဆိုပြီး မိသားစုလိုက် ခရီးသွားကြဖို့လုပ်ကြရော....ကောင်မလေးက ခရီးကပြန်လာပြီးလည်း "အမေ...သူငယ်ချင်း တွေလဲရှိသေးတယ် သမီး အောင်စာရင်း မထွက်ခင်လေး ၀င်ပါရစေ"ဆိုပြီး ထပ်တောင်းဆို ပါတယ်.... မိဘတွေကလဲ ခွင့်မပြုပါဘူး...

သူ့သမီးလေးဟာ ဒီအတိုင်းပဲနေ့တိုင်းတောင်းဆိုနေတော့ အောင်စာရင်းထွက်ပြီးရင်ခွင့်ပြုမယ်ဆိုပြီး ရိပ်သာမှာ စာရင်းသွားပေးခဲ့ပါတယ်၊၊ တစ်နေ့တော့" အမေ...ရိပ်သာက သူငယ်ချင်းတွေ ဒီနေ့ညနေယောဂီထွက်မယ်...သမီးသွားပြီး ကြည့်ချင်တယ်" လို့ပြောတော့ မနက်ဖြန်ဆိုရင်လည်း ၁၀ တန်းအောင်စာရင်းကထွက်တော့ မယ်ဆိုတော့ အမေက " ကဲ..ဒီတစ်ခါတော့ သွားချင်လည်းသွား " ဆိုပြီးခွင့် ပြုလိုက်ပါတယ်....အဲဒီမှာပဲ ကောင်မလေးက ညနေရောက်တော့ ဖီးလိမ်းပြင်ဆင်ပြီး အိမ်ကအထွက် bus ကားပေါ်ကနေ အဆင်း ၊ လမ်းဖြတ်အကူးမှာ ဟိုဘက်က အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီးသေခဲ့ပါတယ်....အဲဒီတော့မှ မိဘတွေဟာ ယူကြုံးမရဖြစ်ပြီး ငါတို့သမီးကို ငါတို့သတ်မိပြီ....တကယ်လို့ သူလုပ်ချင်တာလေးကိုသာ ပေးလုပ်လိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီး နောင်တကြီးစွာ ရကြပါတယ်....နောက်နေ့ အောင်စာရင်းထွက်တော့ သူတို့သမီးလေးဟာ ၃ ဘာသာဂုဏ်ထူးနဲ့အောင်ပါရော....အဲဒီတော့ အမေက ငါ့ သမီးတင်ထားတဲ့ အကြွေးကိုငါ ဆပ်မယ်ဆိုပြီး...သမီးအတွက်ပေးထားတဲ့ စာရင်းထဲမှာ သူ့သမီးအတွက် ယောဂီဝင်ပြီး တရားအားထုတ်တာပါ . ဘုရား " ဆိုပြီး ဆရာတော်ကိုရှင်းပြလို့ မျောက်မူးလဲ တို့သိခဲ့ရတာပါ၊၊ အဲဒီမှာ ဆရာတော်က အရွယ်သုံးပါး လုံးမှာ တရားရှာသင့် ကြောင်း၊ တရားအရိပ်ထက် အေးမြတဲ့ အရိပ်ဆိုတာ မရှိဘူးဆိုပြီး တရားဒါန ပေးလှူခဲ့ပါတယ်၊၊

အဲဒီ ကလေးလေးဟာတကယ်လို့သာ တရားရိပ်သာဝင်ခွင့် ရခဲ့မယ်ဆိုရင် ကံတရား အလှည့်အပြောင်း အရကျလာမယ့် သေခြင်းဆိုးဘေးကြီးကနေလွတ်မြောက်နိုင်ပါတယ်။ (ကောင်းသောသေခြင်းမဟုတ်လို့ သေခြင်းဆိုးလို့ခေါ်တာ ပါ) ၊၊ အခုတော့ မြင့်မြတ်လှတဲ့နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရပဲနဲ့ ကလေးဘ၀မှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ဒါ့ကြောင့် ပထမအရွယ်မှာ တင် တရားရှာခြင်း အလုပ် ကို လုပ်သင့်ပါတယ်။ လူတစ်ယောက်မှာ တရားနဲ့ပတ်သတ် တဲ့ ဥာဏ်ပါရမီဘယ်လောက်ပါတယ်ဆိုတာ ဘုရားမှတပါး ဘယ်သူမှမသိနိုင်ကြပါဘူး။ တကယ်လို့ ကိုယ့်မှာ ဒီလို ပါရမီဥာဏ်ထူးပါခဲ့ရင် ဒီဘ၀မှာ အားထုတ်မှဒီအကျိုးကို ခံစားရမှာပါ။ တကယ်လို့ မပါခဲ့ရင်လည်း ဒါဟာ သံသရာ အတွက်မျိုးစေ့ တစ်ခုဖြစ်သွားမှာပါ ကိုယ့်အတွက်ဘာမှ ဆုံးရှုံးမှုမရှိနိုင်ပါဘူး။ ဒီအားထုတ်ခွင့်လက်လွှတ်ဆုံးရှုံးမှ သာကိုရမယ့် တရားအရသာသိခြင်းဆိုတဲ့ အခွင့်အရေးကြီး တစ်ခုကိုဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အရွယ်တိုင်းမှာ တရား ရှာရမယ်ဆိုတဲ့စကားနဲ့ ပတ်သတ်လို့ ဘုရားဟောကြားခဲ့တဲ့တရားတွေအများကြီး ရှိတာလူတိုင်းလည်းဖတ်ဖူး သိဖူး မှာပါ။ ဒါလေးကတော့မျောက်မူးလဲသိဖူးတဲ့ကိုယ်တွေ့ အဖြစ်ရပ်လေးကို ဓမ္မဒါန အနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။


မျောက်မူးလဲ တို့ဟာ chatting တက်ဖို့ ၊ သီချင်းတွေနားထောင်ဖို့ ကို အချိန် ၁နာရီကျော်ကျော်၊၂ နာရီကျော်ကျော် ပေးချင်ပေးကြမယ်၊ ကိုယ့်ရဲ့ နောက်ဘ၀အတွက်ပါမဲ့ တရားအလုပ် ကိုလုပ်ဖို့ ကျတော့ အချိန်မပေးချင်ကြပါဘူး၊၊ တရား ဆိုတာဟာ တောထဲ သွားပြီး တရား အားထုတ်မှ တရားရတာ မဟုတ်ပါဘူး...နေ့တိုင်းအိမ်မှာတင် အိမ်သုံးတရားကိုကျင့် လို့ရပါတယ်၊ ဘုရားကိုဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီမီး ကပ်တာ....အဖေ၊ အမေ ကို ၀တ်ကြီး ၀တ်ငယ်ပြုစုတာ အဲဒါတွေက ဒါန ကုသိုလ် ရစေပါတယ်၊ကိုယ့်ရဲ့ ငါးပါးသီလကို အတက်နိုင်ဆုံး ထိန်းသိမ်းတာကလဲ သီလကုသိုလ်ပါ၊ ၁၀ မိနစ်လောက် ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ် (meditation)လုပ်နိုင် တာကလဲ ဘာဝနာဆိုတဲ့ ကုသိုလ်ကိုရစေတဲ့ တရားတွေပါပဲ.......


ဘယ်အရာပဲဖြစ်ဖြစ်...တည်မြဲမနေပါဘူး... ကောင်းတာပြီးရင် ဆိုးတာ လာမယ်...ဆိုးတာ ပြီးရင် ကောင်းတာ လာနိုင်ပါတယ်....ဖြစ်ပြီးရင်ပျက် ဆိုတဲ့...တရားအရ တနေ့ကျရင် မျောက်မူးလဲတို့ အပါအ၀င် လူတွေဟာ ဒီလမ်းအတိုင်း သွားကြရမှာပါပဲ.....အဲဒီတော့ သေဖို့ အတွက်ဘာလုပ်ပြီးပြီလဲ.....သေဖို့အတွက်ရော အဆင်သင့်ဖြစ်ပြီလား ဆိုပြီး ၅ မိနစ်လောက် ဆင်ခြင်ကြည့်လိုက်ပါ၊၊ သေခြင်းတရားကို ဆင်ခြင်မှုဟာ ဘ၀မှာလိုအင်ဆန္ဒတွေမများဖို့ကိုလဲအထောက်အကူဖြစ်စေပါတယ် လိုအင်တွေများလေလေ အဲဒါတွေကို အကောင်အထည် ဖော်နေရလို့.... လောဘအပူတွေနဲ့ ပင်ပန်းလှပါတယ်.... တစ်နေ့ သေရမှာပဲ... ဒါတွေဟာ ငါသေသွားတော့ရော.. ငါ့နောက်ကိုပါမှာလား ဆိုပြီးဆင်ခြင်မိတဲ့ လူဟာ ငါနောက်ကို ဘယ်အရာကပါလာ မှာလဲဆိုတာ ကိုလဲဆက်လက်ပြီးဆင်ခြင်မိမှာပါပဲ.....


တကယ်တော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုကို ကိုယ်တာဝန်ယူရမယ် ဆိုတဲ့စိတ်တခုတည်းနဲ့ဒီ Post ကို တင်လိုက်တာ မဟုတ်ပါဘူး။ သိလွန်းလို့ တတ်လွန်းလို့လဲမဟုတ်ပါဘူး၊၊ မျောက်မူးလဲတို့ဟာ တစ်နေ့ကြရင် သေကြရမှာပါ။ သေသွားခဲ့ရင် ကိုယ်နောက်ကိုယူသွားနိုင်တာက ကိုယ်လုပ်ထားတဲ့ ကောင်းမှုနဲ့ မကောင်းမှုပါပဲ။ ဘယ်အချိန် သေမလဲမသိတဲ့ ဟောဒီ လောကကြီးထဲမှာ မျောက်မူးလဲတို့ တတွေအချိန်ရှိခိုက်လုံ့လစိုက်ပြီး ကောင်းမှုတစ်ခု နေ့တိုင်းပြုနိုင်ရင် ဒီဘ၀အတွက်ပါမဟုတ်ဘူး သံသရာ တလျှောက် အကျိုးရှိသွားမှာပါ။





  • သွားထပ်နှစ်ထပ်နဲ့ကောင်မလေး တွေကိုတွေ့ရင်နင့်ကိုသတိရတယ်။


  • ကျောင်းသွားမယ်ဆိုပြီး မနက်အစောကြီး နင့်အိမ်ကိုလာ၊ ပြီးရင် Game ဆော့တတ်တဲ့ငါ့ကို အိပ်မှုန်ဆုံဖွားနဲ့ ချေး ထုပ်မကြီး ဆိုပြီး တံခါးထဖွင့်ပေးတဲ့နင့်ကို သတိရတယ်။

  • ငါချက်ကျွှေးတဲ့ ဟင်းမှန် သမျှကိုကောင်းကောင်းမကောင်းကောင်း ကောင်းတယ်ဆိုပြီး စားတတ်တဲ့နင့်ကို သတိရတယ်။

  • စာကျက်ရင်းနဲ့ပျင်းတယ်ဆိုပြီး ည၁၂နာရီ ကျော်ကြီး တိုက်ခန်းတွေအောက်ကကြိုး တွေကိုဆွဲပြီး ထွက်ပြေးခဲ့တဲ့ ညတွေကိုသတိရ တယ်။

  • ဒီဆိုင်က လွမ်မိုးသီချင်းတွေချည်းပဲ ဖွင့်တယ်ဟာ တစ်ခြားဆိုင်ပြောင်း ထိုင်မယ်ဆိုပြီး အဲဒီ လဖက်ရည် ဆိုင် လေးမှာပဲ ငါတို့ ၂ယောက်အမြဲထိုင်ပြီးလေပေါ်ခဲ့တဲ့ နေ့တွေကို သတိရ တယ်၊၊

  • ရေကျော်က ပန်းတောင်ရိပ် ဆိုင်ကကောင်မလေး ကို ဆေးဘဲဥနဲ့ အိုးဘဲဥ ဘာကွာလဲ ၊ ထောပတ်သီး ကို စက်ဖျော် ဆိုပြီးဘာလို့ လက်နဲ့ အရင်ခြစ်တာလဲဆိုပြီး ရစ်တတ်တဲ့ နင့်ကိုသတိရ တယ်။

  • အာပူလျှာပူ ကြိုက်လွန်းတဲ့ ငါ့ကို ထမ်းပိုး လေးတွေနဲ့ ရောင်းတဲ့ အညာက အာပူလျှာပူ ရောင်းတဲ့ကောင်လေးတွေကို ယူလိုက်ပါလား၊ ဆိုပြီးအမြဲ စတတ်တဲ့ နင့်ကိုသတိရတယ်၊၊

  • ဗိုလ်ချုပ်လမ်းပေါ် က ညနေဈေးတန်းလေး တွေမှာ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်စား ၊ ပြီးရင် ထိုးအန်တတ်တဲ့ ငါ့ကိုချေးထုပ်မ မြိုတုန်းကမြိုတယ်လေဆိုပြီး ကျောကို သေအောင်ထုမယ်ဆိုပြီး နင်ဘဲပြုစုပေးခဲ့ရတဲ့ ညနေ တွေကိုသတိရတယ်၊၊


  • စိန်ထွန်းဆိုင်က ကာတွန်းတွေကိုငှားပြီး ပြန်အပ်ဖို့ အမြဲမေ့တတ်တဲ့ ငါ့ကို ကာတွန်းအပ်ရပ်မယ်လေ၊ မေ့နေပြီလားဆိုပြီး လာခေါ်တိုင်း ဆဲတတ်တဲ့နင့်ကို သတိရတယ်၊၊

  • ဆရာ စာရှင်းရင် သီချင်းစာသားတွေ လျှောက်ရေး တတ်တဲ့ငါ၊ နင်သေချာနားထောင်လိုက်နော် ပြီးရင် ငါ့ကိုပြန်ရှင်းပြဆိုပြီး ငါပြော တိုင်း သေတောင်မရှင်းပြဘူးဆိုပြီး project တွေလုပ် တိုင်း ချစ်ဆုံးဆိုတာနဲ့ ခုတော့ သေပြီမဟုတ်လားဆိုပြီး ၊ အမြဲကူးရေး ပေး တတ်တဲ့နင့်ကိုသတိရတယ်၊၊

  • ငါ့ကို အလိုလိုက်ပြီး လှော်ကားကို တစ်နေ့ လိုက်လည်တဲ့ နင် အပြန် ဖယ်ရီ ကားပေါ်မှာ မူးပြီးအန်၊ ငါမရတော့ဘူး ချေးထုပ် ဆိုပြီး တစ်ပါတ်လောက်ဖျားသွားတဲ့ နင့်ကိုသနားတယ်၊၊

  • အလုပ်တွေမအားတဲ့ ကြားကနေ ငါဆေးရုံတတ်ရတော့ အလုပ်ပြီးတိုင်း အဝေးကြီးက လာပြီးစကားလာ ပြောပေးတတ်တဲ့ သူငယ်ချင်းကို အရမ်း သတိရတယ်၊၊

  • စိတ်ညစ်တိုင်း ဗိုလ်တစ်ထောင်ဆိပ်ကမ်း တံတားပေါ်သွားပြီး ငါနဲ့တူတူ အော်အော် တတ်တဲ့ နင့်ကိုသတိရတယ်။

  • တွဲလွန်းလို့နင်တို့နှစ်ယောက်ကြိုက်နေတာလား ဆိုပြီးစတတ်တဲ့ ကာတွန်းဆိုင်က အမတွေကို ဒီကောင်မကိုလားဆိုပြီး ငါ့ကိုလူရှေ့မှာ တင်ပိတ်ကန်လို့ ၊ငါကလည်ပင်းပြန်ညှစ်တော့ ဆိုင်က အမကြီးတွေရဲ့ အံဩတဲ့မျက်လုံးတွေကို အဲဒါကျီစားတာ ဆိုပြီး ပြန်ပြော တဲ့ သူငယ်ချင်းရေ၊သတိရတာတွေကို ချရေးရင်ကုန် မှာ မဟုတ်ဘူး၊၊

  • အ၀တ်အစားထက် အစားသောက် ဘက်ကို ပိုပြီးစိတ်ဝင်စား တတ်သူ၊

  • ဈေးဝယ် ထွက်တာထက် အိမ်မှာ ဂိမ်းကစားဖို့ ကိုပဲ ၀ါသ နာပါတတ်သူ၊

  • ပိုက်ဆံရှိရင်သေအောင်စား ပြီး မရှိရင် premier ကော်ဖီတစ်အိုးနဲ့ အိမ် မှာတူတူ လေပေါတာချင်းတူတဲ့သူ၊

ငါ့ဘ၀မှာ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ငါဆိုးရင်သည်းခံ ပြီး နားလည်လွန်းတဲ့ နင့်ကို ငါအရမ်း သတိရတယ် ၊၊နင်ကငါ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် ငါကတော့ နင့်အတွက်ဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် ဘာလို့လဲဆိုတော့ ငါလိုလူက ငါ ချစ်တဲ့ နင့်ရဲ့ မွေးနေကိုတောင် အမြဲမေ့တတ်တဲ့လူလေ၊
ဒါပေမယ့်ငါ့ကိုဘယ်သူကဘယ်အချိန်မှာ မေးမေး၊ ငါရဲ့မိတ်ဆွေကောင်းပဲဆိုတာကို ငါရဲရဲ ကြီးပြောရဲပါတယ်။ ပျော်ရာမှာ မနေ ၊ တော်ရာမှာ နေနေရတဲ့ ငါတို့နှစ်ယောက်မဆုံ ဖြစ်တာ (၃) နှစ်ကျော်တောင်ရှိပြီ ၊၊ ဒါပေမယ့် တိုက်ဆိုင်မှုတွေရှိတိုင်း ၊ နင့်ကို အမြဲသတိရနေလျက် နင့်ရဲ့  သူငယ်ချင်း............................................... ( တိုက်ဆိုင်မှုတွေရှိလာတိုင်း အမှတ်တမဲ့မင်းကိုလွမ်းပါတယ် အပေါ်ယံရှပ် ထိသောဒါဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွာ)..........
Sent at 10:20 PM on Wednesday


အော် တော်တော် Snacks ကြိုက်တယ်


နာ ငါးမွေးထားတာ အသုံးဝင်ပြီ

ဘ၀ ဆက်တိုင်း မျက်နှာများတဲ့ လူနဲ့ တွေ့ရင် နိုင်ချင်လို့ပါး)

ဘာလဲ ရေချိုးပြီးမှ လာတာ ၊ မယုံရင်ခေါင်းပေါ်ကြည့် ၊ Soap မရှိတော့ဘူး တွေ့လား ဟီးဟီး


သူလေးက အကြွေးအကုန်ဆပ်ပြီးပြီတဲ့


Spider Man ကိုအားကျလို့နဲ့ တူတယ်


နေရောင် ထွက်လာတော့မယ် ၊ Photo ရိုက်တာ ကြာတယ် ၊ မြန်မြန်လုပ် Ice cream အရည်ပျော်ကုန်တော့မယ်

ဘာကြီးလဲကွာ ၊ မျောက်မူးလဲ မူးသွားပြီး(

စတော်ဘယ်ရီ ချစ်သည်းရှင်


ဖွားဖွားရယ် ခေါင်းမကိုက်ဘူးလားဟင်


ဟယ် သူလေးကတော့လှတယ်


ပန်းကြိုက် တဲ့ ညီမလေးရယ် ၊ ညီမလေးကိုလည်း ချစ်ပါတယ် ၊ ညီမကြီးကိုလည်းချစ်ပါတယ်း)


ဖြေးဖြေးလာပါ ၊ ပြုတ်ကျကုန်မယ် ခေါင်းပေါ်ကဟာတွေ မမတို့ရယ်


ဘာတွေမှန်းကို မသိတော့ဘူး


တို့ အဖွားက သစ်ခွပန်းကို အဲဒီလို ကြိုက်တာ


ငှက် မစင်စွန့်လိုက်မှ အော် ဒုက္ခ ၊ ဒုက္ခး(

ဘာဘဲပြောပြော တို့မြန်မာပြည်က ၀ါး ဦးထုပ် လေးက အကောင်းဆုံးဘဲ ၊ အေးချမ်းတယ် ၊ ပိုက်ဆံလဲကုန်ဘူး ၊မျက်စိလဲမနောက်ဘူး ၊ ဟုတ်တယ်ဟုတ်း)







English လူမျိုးတွေရဲ့  နေ ကိုကြိုဆိုတဲ့ ပွဲတော်(နွေရာသီကြိုဆိုပွဲ)ကို Stonehenge မှာ နွေယဉ်စွန်းချိန် ဇွန်၂၁ရက်ခန့်တွင်ကျင်းပရာ လာရောက်သူပေါင်း ၃၆, ၅၀၀ ကျော် ရှိပါတယ် ၊၊




၂၀ ရက်နေ့ကတည်းက ဒီလို လာပြီး စောင့်ကြပါတယ် ၊၊



ပျော်ပျော် ပါးပါးပေါ့ ၊၊





နေရောင် ထွက်လာတဲ့ ၂၁ ရက် ၊ ၄.၄၅ am မှာတော့ နေရောင် ကိုကြည့်ပြီး Cheers လုပ်ကြပါတယ် ၊၊ ပွဲတော်(နွေရာသီကြိုဆိုပွဲ)ကို လာရောက်သူများဟာ ရွက်ဖျင်တဲထိုးခွင့် ၊ အရက်ပုလင်းယူလာခွင့် မရှိဘာဘူး၊
Car Parking ကို 1 day free ပေးထားတယ်လို့သိရပါတယ် ၊၊
တို့ မြန်မာပြည်ဆို ပေါ်လို့ နေရောင်ခြည်များး)