မျောက်မူးလဲ စာမေးပွဲပြီးသွားပြီဆိုတော့ ဟိုတလောကလက်စောပြီးဘာမှမလုပ်တတ်လို့ ဒီတိုင်းထားခဲ့တဲ့ ဘလောဂ့်လေးကိုရယ်မယ်ပေါ့ ဘာရေးရမှန်းလဲမသိဘာဘူး
ဟီးဟီး မသိတာတွေကတော့ စာမေးပွဲမှာတော်တော်များလို့ မသိဆိုတဲ့စကားဘဲထွက်နေတယ် သီးခံ သီးခံ
အင်း အိမ်ကိုထုံးစံအတိုင်း ဖုန်းဆက်ပြီး ဘာညာပြောရအုံးမို့ အင်း အိမ်ဆိုတာနဲ့ ဟိုးအဝေးက မြို့လေးကိုပါ လွမ်းမိရော
ဟုတ်တယ် အဲဒီမှာ မျောက်မူးလဲချစ်တဲ့ မျောက်မူးလဲမိသားစု၊ မျောက်မူးလဲတို့ အိမ်၊အဒေါ် အပျိုကြီး တွေ ဟီးဟီး ကြော်ငြာ ကြော်ငြာ၊ သူငယ်ချင်း တွေ အင်း သူငယ်ချင်းဆိုလို့ မသိရင် ရွယ်တူ ထင်အုံးမယ် ရပ်ကွပ်ထဲက ဘုစုခရု တွေကိုပြောတာ :) မျောက်မူးလဲ ကြိုက်တဲ့ ဟိုဘက်ကမ်းမုန့်ဟင်းခါး၊ အဖေနဲ့ တူတူသောက်နေကြ မျောက်မူးလဲ တို့ လမ်းထိပ်က ကျစိမ့်လဖက်ရည်၊ ဈေးထဲက ဒေါ်မြင့် ကြာဇံကြီး၊မသီတာဆိုင်က ကာတွန်းတွေ၊ညနေအမေသဘောကောင်းရင် ဆိုင်ကယ်မြို့တပတ်စီးရတဲ့အရသာ.....
အင်း...လွမ်းတာတွေကတော့အများကြီးပဲ...ပြောရရင်တော့ကုန်တော့မှာမဟုတ်ဘူး...
လွမ်းနေရုံနဲ့ပြီးမှာမဟုတ်...
ကဲ...ဖုန်းဆက်မယ်...
ဟယ်လို..အမေလား...ဘာလား ပိုက်ဆံ ၅ ပေါင်ကုန်သွားသလိုမျောက်မူးလဲလည်း တော်တော်လေးပျော်သွားပြီ...ဟုတ်တယ်....အမေလဲလွမ်းနေမှာပေါ့...အမေကလဲပျော်..
.မျောက်မူးလဲကလဲပျော်.....
အမေကသူ့မန်ယူ.ချန်ပီယံ league final ရှုံးသွားတာကိုမကျေနပ်ကြောင်း......မျောက်မူးလဲကလဲဘယ်ရမလဲအခွင့်ရတုန်းအမေ့
မန်ယူက ကြောက်နေတာကိုနဲ့ပြန်တွယ်....
အမှန်တော့အဲဒီ ၂ သင်းလုံးကိုမကြိုက်တာ.....
ဘာစီလိုနာ ကိုက ချယ်လ်ဆီးကိုကျော်ပြီး final တက်သွားလို့၊
မန်ယူက Ronaldo ကိုအမြင်ကတ်လို့
ဘာမှလဲမဆိုင်ဘူး....ပြီးတော့ အမေကကိုရီးယားကားကြည့်နေတာ..အဖေကရီမုလ် လုပြီးပိတ်ပြစ်ကြောင်း၊အဲဒီ့ကိုရီးယားရယ်၊အမေရယ်၊အဖေရယ် ကဘယ်တော့မှ တည့်မှာမဟုတ်ဘူး...
အဖေကလဲ ဖုန်းကိုယူပြီးသမီး နေကောင်းလား..Willian နဲ့အဆင်ပြေလား.Drogba ကိုတော့သိပ်မကြိုက်နဲ့သမီး...သမီးအသားတွေပိုမဲသွားဦးမယ်ဆိုပြီး စနောက်လိုနောက်နေ၊ ဟုတ်ပါတယ်...
အိမ်မှာကအဲဒီလိုစနေ..နောက်နေကျ မျောက်မူးလဲတို့မိသားစုကအဲဒီလိုပဲ...ပြောရင်းနဲ့ အိမ်ပြန်ချင်လာပြီ....နောက်နှစ်နွေရာသီကျောင်းပိတ်ရင် အိမ်ပြန်ဖို့ကိုပိုက်ဆံစုတော့မယ် ...
တာ့တာ

