ငါကနင့်ကိုမချစ်ဘူးတဲ့
ငါကိုငါချစ်နေတုံး ဟုတ်လား
အဲဒီပါးစပ်ကပြောထွက်ရက်တယ်
ဘယ်သူမဆို ကိုကိုယ်ကိုအချစ်ဆုံးဆိုတာမှန်ပါတယ်
ဒါပေမဲ့ ငါကငါ့ကိုငါထက်
နင့်ကိုပိုပြီး ဂရုဆိုက်ခဲ့တယ်
ငါကိုငါမှန်ကြည့်စရာမလိုဘူး
နင်မျက်နာကငါ့အတွက်မှန်တချပ်ဘဲ
ငါ့ခြေလှမ်းတွေ တခါတလေဘယ်ကိုလှမ်းလို့လှမ်းနေမှန်းမသိဘူး
ဒါပေမဲ့ ငါ့ရဲ့စိတ်တွေက အမြဲတမ်း
နင်ဆီကိုဦးတည်နေတယ်ဆိုတာငါပြောရဲတယ်
ငါ့ဆီကကျတော့ ငါ့ကိုထက်ချစ်တဲ့အချစ်ကိုလိုချင်ပြီး
နင်ကျတော့ ငါ့ကိုချစ်ဘာတယ်လို့ပြောဖို့တောင်
အပိုအလုပ်ဆိုလို့
မမေးရဲဘဲ ကျိတ်ငိုနေရတဲ့
ငါ့ကိုရောယောင်လို့တောင်သနားဘူးလား
လိုချင်လို့ပြောတာမဟုတ်ပေမဲ့
မြော်လင့်မိတာကိုဝင်ခံပါတယ်
ရင်နာနေတဲ့ဒီဇာတ်လမ်းကို
ငါက ဖြတ်လျှောက်အနေနဲ့
မင်းသမီးမလုပ်တော့ဘူး
ပရိတ်သတ်အနေနဲ့မျက်ရေကျပြီး
အားပေးတော့မယ် ချစ်သူ။

0 comments:

Post a Comment