သူ့ကို ကျွန်မ ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံမျိုးနဲ့ တွေ့ရမယ်လို့ မထင်မိတော့ တော်တော်အံ့သြသွားခဲ့တယ်.. သူက ၀မ်းသာအားရနဲ့ ကျွန်မကိုလာနှုတ်ဆက်တယ်..ပြီးတော့ စကားပြောရအောင်ဆိုပြီး သူကပဲ ဦးဆောင်ပြီး ကော်ဖီဆိုင် တခုကိုခေါ်သွားခဲ့တယ်.. ကော်ဖီဆိုင်ရောက်တော့ ကျွန်မတို့ ကော်ဖီသောက်ကြရင်း သူကပဲ ကျွန်မကိုစပြီး ယဉ်ယဉ် မင်း ကိုကြည့်ရတာအရမ်းအံ့သြနေပုံဘဲတဲ့..ကျွန်မ ဟန်မဆောင်နိုင်တော့ပဲ အင်း ဟုတ်တယ် ကိုယ်မင်းကို ဒီလိုမျိုးတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး … မင်းလှလာတယ် ၊ပြီးတော့ မင်းမျက်လုံးတွေက အရမ်းကို active ဖြစ်နေတာပဲ ဆိုတော့ သူက ရီပါတော့တယ်..ဘာလဲ မင်းကိုယ့်ကို သေသွားတာ ၄ နှစ်လောက်ရှိပြီလို့ ထင်လို့ မဟုတ်လားတဲ့ .. ကျွန်မလဲ အားနာစွာနဲ့ အင်း တလုံးတည်းပဲ ပြန်ဖြေနိုင်တော့တယ်..

ဟုတ်တယ်လေ. လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ကျွန်မတို့ သူငယ်ချင်းတွေကို ဆရာမတွေဦးစီးပြီး သူ့ကို လူနာသတင်းသွားမေးခဲ့တယ်.. ၃ လပဲ ခံတော့မယ်ဆိုတဲ့ သမားတော်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြေကွဲနေတဲ့ သူ့မိသားစုရဲ့ မျက်လုံးတွေ၊နှလုံးပုံမှန်လည်ပတ်စီးဆင်းမှု မမှန်တဲ့ရောဂါကြောင့် ၃ လပဲခံမယ်ဆိုတဲ့ လူနာနဲ့ လိုက်အောင် နောက်ဆုံးတွေ့ခဲ့ရတဲ့ သူ့ပုံစံက ပိန်လှီပြီး အောက်ဆီဂျင်ပိုက်နဲ့ အသက်ရှူနေရတာ.အခုထိ ကျွန်မ မျက်လုံးထဲက မထွက်ခဲ့ဘူး.. စာကို မှန်မှန်လုပ် အတန်းမှန်မှတ်တက်တဲ့ထဲ သူမပါခဲ့ဘူး.. ဒါပေမယ့် ဆရာ၊ဆရာမတွေအပေါ် ရိုရိုသေသေရှိမှု. ကျွန်မတို့ ပုစ္ဆာ တပုဒ်ကို တွေးတတ်ပုံနဲ့ သူတွေးတတ်ပုံနဲ့ မတူတာ၊ သူတွေးတဲ့ ပုံစံကို တချို့ဆရာမတွေက ချီးကျူးကြတယ်..စာမေးပွဲ result ထွက်ရင် grade ကောင်းကောင်းနဲ့ အောင်တတ်တယ်…ကျောင်းက လုံခြုံရေးဝန်ထမ်းတွေနဲ့ သန့်ရှင်းရေး အလုပ်သမားတွေက အစ သူ့နဲ့ ခင်ကြတယ်... သူက သိပ်အံ့သြမနေပါနဲ့ ယဉ်ယဉ်ရယ်.. မင်းတို့ ဆေးရုံကို လာကြည့်ကြတယ်ဆိုတာကိုယ် အမေပြောပြပါတယ်.. ကိုယ်နေကောင်းတော့ ကျောင်းက ဆရာမတွေကို သွားနှုတ်ဆက်တော့ မင်းLondon ကို သွားပြီလို့ ကြားရတယ်ဆိုပြီး စကားတွေပြောဖြစ်ကြတယ်

ကိုယ် ဆေးရုံမှာ ကိုယ့်ကို ၃ လပဲ နေရတော့မယ်ဆိုတဲ့ သတင်းတွေကို မပြောဘို့ အဖေနဲ့ ဆွေမျိုးတွေက အမေကို ပြောကြတယ် ..ကိုယ်စိတ်ဆင်းရဲမှာ စိတ်အားငယ်သွားမှာကို စိုးတဲ့စိတ်နဲ့ သူတို့ ဘယ်လိုတားတား အမေ့ဆီက အဲဒီ့ သတင်းကို ကိုသိခဲ့ရတယ်.. ကိုယ်ကြားကြားချင်း ကြောက်သွားတယ်၊ ငိုတယ်၊ ကိုယ့်အတွက်ရက်တွေ မကျန်တော့ဘူးဆိုတာ ကိုယ်သိလာတယ်.. ဒါပေမယ့် အမေက ပြောတယ်..ဘယ်နေ့သေမလဲဆိုတာ မသိသေးတဲ့ လူနဲ့စာရင် သမီးအများကြီး ကံကောင်းပါတယ်တဲ့ စစ်မြေပြင်က ဆင်ပြောင်လိုကျင့်သုံးဘို့ကို အမေက ပြောတယ်.. ဘယ်လောက်ပဲ မြှားတွေစိုက်နေနေ ဆင်ဟာ စစ်မြေပြင်မှာ သူမသေမချင်း သူလုပ်ရမယ့် ရည်ရွယ်ချက် အောင်မြင်တဲ့ အထိ မြှားတွေကိုဖယ်ပြီးပန်းတိုင်ကို ရအောင်ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာပဲ သူငယ်ချင်းတဲ့၊၊ အမေ့ရဲ့ အားမာန်အပြည့်နဲ့ ပြောတဲ့စကားတွေက ကိုယ့်ကို အားတက်စေတယ်…၁ လကြာတော့ ကိုယ် အောက်ဆီဂျင်ပိုက်ဖြုတ်ပြီး အသက်ရှု နိုင်လာခဲ့ပြီ..နောက်တော့ ကျန်းမာရေး သိသိသာသာ ပြန်ကောင်းလာခဲ့တယ်..သမားတော်ကြီးတွေ အံ့သြရလောက်တဲ့ အထိ ကိုယ်နေကောင်း လာခဲ့တယ်..နောက် ၆ လကြာတော့ England ကို လာဖို့ စီစဉ်ပြီး ကိုယ်ရောက်လာခဲ့တယ်၊၊ ကိုယ့် ဘ၀မှာ ဘယ်လို အခက်အခဲနဲ့ပဲကြုံကြုံ အမေပြောခဲ့တဲ့ စကားတခွန်းနဲ့တင် အရာရာကို ကျော်လွှား နိုင်ခဲ့တယ် သူငယ်ချင်းတဲ့ ..

သူ့စကားအဆုံး ကျွန်မလက်ကို ကိုင်လိုက်တဲ့ သူ့လက်ရဲ့ နွေးထွေးမှု ၊သတ္တိရှိမှုတွေက ကျွန်မရဲ့သွေးထဲကို စီးဆင်းနေလေရဲ့…ပြီးတော့ ကျွန်မတို့ တယောက်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ၊ email address တွေလဲကြပြီး သူက ကျွန်မလက်ကိုကိုင်ပြီးပြောတယ်.. ကိုယ်ပြောတဲ့စကားကို မမေ့နဲ့နော် ယဉ်ယဉ်တဲ့ .. ကျွန်မ တချက်ပြုံးလိုက်ပြီး ကောင်းပါပြီ သူငယ်ချင်း မင်းစကားကို ကိုယ်ဘယ်တော့မှ မမေ့ပါဘူးလို့ ပြောပြီး လမ်းခွဲခဲ့ကြတယ်.. အပြန်လမ်းတလျှောက်မှာ သူပေးလိုက်တဲ့ စကားတခွန်းက ရင်ဘတ်ထဲမှာစီးလို့ ဘ၀မှာ ဘယ်လောက်ပဲ ကျဆုံးချင် လောက်အောင် စိတ်ဓာတ်ကျပါစေ စကားတခွန်းက လူတယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စေတယ်..ဘယ်လောက်ပဲ ဒုက္ခတွေတွေ့နေ တွေ့နေ စစ်မြေပြင်က ဆင်ပြောင်ရဲ့အားမာန်နဲ့ မသေမချင်း ကြိုးစားနိုင်တယ်ဆိုတဲ့ အသိတခုက ရင်ဘတ်ထဲ စွဲထင်နေတော့တယ်….............


မျောက်မူးလဲတို့အပါအ၀င် ၃၁ ဘုံသားတို့ရဲ့ရုပ၊် နာမ် ခန္ဓာဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်းသေနေတာပါ....(ဒါကြောင့်ကိုယ့် သူငယ်ချင်းတွေက ခင်လို့မသာမ၊ မသာကောင် လို့ပြောရင်စိတ်မဆိုးပါနဲ့၊ အစ ကတည်းက အားလုံးဟာ မသာတွေပဲမို့ လို့ပါ) ဒါကြောင့်မို့လို့ သေချင်းတရား ကိုပွားများချင်းဟာ ...နေ့စဉ်နေတိုင်း ပွားများရမယ့် မရဏာနုဿာတိ တရားလို့ မြတ်စွာဘုရားက အနုဿာတိ တရား(၁၀) ပါးထဲမှာ ဟောကြားခဲ့ပါတယ်။ မျောက်မူးလဲတို့ငယ်ငယ်တုန်းက ကြားနေရတဲ့ ရှေးစာဆိုလိုလို၊ ဘုရားဟောသလိုလိုနဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတ်ယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့စကားကိုလူတော်တော်များများက လက်ခံပြီး ပြောလေ့ရှိပါတယ်.... အမှန်တော့ ဒီစကားကို ဘယ်ဘုရားကမှ ဟောကြားခဲ့တာ မဟုတ်ပါဘူး .....တရားဆိုတာအချိန်တိုင်း ရှာသင့်ပါတယ် ....တရားဆိုတာ အားမှလုပ်ရတဲ့ အလုပ်လဲမဟုတ်ပါဘူး ....လူတွေအကုန်လုံး မအားမလပ်တဲ့ ကြားထဲကပဲ သေသွားရတာပါ...."ကျွန်တော်၊ ကျွန်မ ကတော့အားပြီ၊ သေတော့မယ်"ဆိုပြီး သေသွားတဲ့မသာ တစ်ယောက်မှ မရှိပါဘူး....

မျောက်မူးလဲငယ်ငယ်တုန်းက လူကြီးတွေကစာကျက်ရင်း အိပ်ငိုက်ပြီဆို... ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊တတိယအရွယ်မှာ တရားရှာရတယ်၊ငယ်တုန်းစာလုပ်လေ ဆိုပြီး ခဏခဏ နားထဲမှာ ကြားဖူးတော့.... ဟုတ်သလိုလို ထင်မိပါတယ်.၊၊..ဒါပေမယ့် အသက် ၁ရ နှစ်မှာ မျောက်မူးလဲရဲ့ သူငယ်ချင်းတစ်ယောက် ရေနစ်ရင်းသေသွားပါတယ်....သူက ရုပ်ရည်အားဖြင့်လည်း ချော၊ပိုက်ဆံရှိ၊ ပညာကလည်းတက်ရဲ့သားနဲ့ သေခြင်းတရားက မျက်နှာသာ မပေးခဲ့ပါဘူး ၊၊ ခရီးသွားရင်းမော်တော်မှောက်၊ မော်တော်ပေါ်မှာပါလာတဲ့ လူ ၁၈ ယောက်မှာ ၃နှစ်သားအရွယ် ကလေးတစ်ယောက် နဲ့၇၈ နှစ် အရွယ်အဖိုးကြီး တယောက်ပဲရှင်ခဲ့တယ်.....မျောက်မူးလဲ သူ့အသုဘ သွားတော့ တွေးမိပါတယ် "အော်...ငါလဲအချိန်မရွေး သေသွားနိုင်ပါတယ်" လို့အဲဒီ့အချိန်မှာ သူ့စိတ်ဘယ်ရောက်နေမလဲ.... သေခါနီးမှာ ဘုရား၊ တရား ကို အာရုံမှပြုနိုင်ပါ့မလား. ....ဘယ်ဇောကပ်ပြီး သေသွားတာလဲဆိုပြီးတွေးမိပါတယ် အဲဒီ့ အချိန်ကစပြီး တစ်နေ့သေရမယ်ဆိုတဲ့ အသိကိုစိတ်ထဲသွင်းပြီ၊ ဘယ်အရွယ်ထိ နေရမလဲမပြောနဲ့ မနက်ဖြန်ဆိုတာတောင် ငါ့အတွက် သေချာရဲ့ လားဆိုတဲ့အသိနဲ့...တရားဆိုတာကို စတင်ပြီး စိတ်ဝင်စားမိတဲ့အတွက် မိဘ တွေကိုမေး၊ ဘာသာရေးစာအုပ်တွေ ဖတ်၊ တရားပွဲ သွားတဲ့ အကျင့် ကောင်းတွေ ရလာပါတယ်၊၊အရွယ်(၃) ပါးလုံးမှာ တရားရှာသင့်ကြောင်းကို ဆရာတော် အရှင်ဆန္ဒာဓိက ၊ ဆရာတော် အရှင်အာစာရာလင်္ကာရ နဲ့ ဆရာတော် အရှင်ဇနကာဘီဝံသ စတဲ့ ဆရာတော်ကြီးများရေးထားတဲ့ စာအုပ်တွေမှာ ဖတ်နိုင်ပါတယ်၊၊

ပြီးခဲ့တဲ့ ဇွန်(၂၁) ရက်နေ့က လန်ဒန်မှာ ရွှေမင်းဝံဆရာတော်ကြီးရဲ့ တရားပွဲကို မျောက်မူးလဲ သွားရောက်နာယူ ခဲ့ပါတယ်.... အဲဒီမှာဆရာတော်ရဲ့တရားဟောထဲက ပါတာလေးတစ်ခုကို တင်ပြပေးလိုပါတယ် ရန်ကုန် မဟာစည်သာသနာ့ ရိပ်သာမှာ “ဟိတေသီ’’ သာသနာ့ အကျိုးတော်ဆောင် အဖွဲ့အစည်း တစ်ခုရှိပါတယ်.... ဆရာတော်က အဲဒီအဖွဲမှာ အမျိုးသမီးယောဂီတွေကို တရားစစ်တာဝန် ယူနေရတော့ အမျိုးသမီးတစ်ယောက်က အစပိုင်း ၃ ပတ်လောက် မှာ တရားထိုင်နေရင်း မျက်ရည်တွေ ကျကျနေတာကို သတိထားမိပါတယ်....နောက်ကျတော့ တရားမှတ်တာ၊ စင်္ကြန်လျှောက်တာက အစ အဲဒီအမျိုးသမီးဟာ တော်တော်ကို အမှတ်ကောင်း လာတာကိုတွေ့ရတော့ ဆရာတော်ကြီးက " အော်...သူတရားမှတ်လို့ ရသွားပြီ" ဆိုပြီးဒီလိုပဲနေလိုက်ပါတယ်၊၊နောက်ဆုံးမှာ အဲဒီအမျိုးသမီးဟာ မဟာစည်တရားရိပ်သာရဲ့ ဥာဏ်စဉ်တရားကို နာခွင့်ရခဲ့ပါတယ်၊၊ နောက်ယောဂီတွေပြန်ဖို့ လာနှုတ်ဆက်တော့ အဲဒီ့အမျိုးသမီးကိုတွေ့တော့ ဆရာတော်က မေးပါတယ် "ဘာလို့မျက်ရည်တွေ ကျနေတာလဲ" ၊ဘာတွေမြင်လို့လဲ ဆိုတော့ အမျိုးသမီး ကဖြေပါတယ်..." တပည့်တော် အကြွေးလာဆပ်တာ ပါ ဘုရား" ဆိုပြီး သူ့ရဲ့အဖြစ်ကိုရှင်းပြပါတော့တယ်....

၁၀ တန်း ဖြေပြီးထားတဲ့အချိန်လေးမှာ တရားအားထုတ်ချင်လို့ ဆိုပြီး ကောင်မလေးတစ်ယောက်က မိဘ တွေဆီမှာ ခွင့်တောင်းပါတယ်.....၁၀ တန်းအောင်စာရင်းမထွက်သေးတဲ့ အချိန်လေးမှာ တရားစခန်း ၀င်ချင်လို့ပါ၊ သူငယ်ချင်းတွေ နဲ့လည်း တိုင်ပင်ပြီးပါပြီပေါ့၊မိဘတွေကလဲ ခွင့်မပြုပါဘူး ဒီအရွယ်ဟာ တရားစခန်းဝင်ရမယ့် အရွယ်မဟုတ်ဘူးဆိုပြီ ခွင့်မပြုပါဘူး......ကောင်မလေးကလည်း အဲဒါကိုပဲ နေ့တိုင်းတောင်းဆိုနေတော့လည်း စိတ်ပြောင်းအောင်ဆိုပြီး ... ခရီးသွားကြမယ်ဆိုပြီး မိသားစုလိုက် ခရီးသွားကြဖို့လုပ်ကြရော....ကောင်မလေးက ခရီးကပြန်လာပြီးလည်း "အမေ...သူငယ်ချင်း တွေလဲရှိသေးတယ် သမီး အောင်စာရင်း မထွက်ခင်လေး ၀င်ပါရစေ"ဆိုပြီး ထပ်တောင်းဆို ပါတယ်.... မိဘတွေကလဲ ခွင့်မပြုပါဘူး...

သူ့သမီးလေးဟာ ဒီအတိုင်းပဲနေ့တိုင်းတောင်းဆိုနေတော့ အောင်စာရင်းထွက်ပြီးရင်ခွင့်ပြုမယ်ဆိုပြီး ရိပ်သာမှာ စာရင်းသွားပေးခဲ့ပါတယ်၊၊ တစ်နေ့တော့" အမေ...ရိပ်သာက သူငယ်ချင်းတွေ ဒီနေ့ညနေယောဂီထွက်မယ်...သမီးသွားပြီး ကြည့်ချင်တယ်" လို့ပြောတော့ မနက်ဖြန်ဆိုရင်လည်း ၁၀ တန်းအောင်စာရင်းကထွက်တော့ မယ်ဆိုတော့ အမေက " ကဲ..ဒီတစ်ခါတော့ သွားချင်လည်းသွား " ဆိုပြီးခွင့် ပြုလိုက်ပါတယ်....အဲဒီမှာပဲ ကောင်မလေးက ညနေရောက်တော့ ဖီးလိမ်းပြင်ဆင်ပြီး အိမ်ကအထွက် bus ကားပေါ်ကနေ အဆင်း ၊ လမ်းဖြတ်အကူးမှာ ဟိုဘက်က အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီးသေခဲ့ပါတယ်....အဲဒီတော့မှ မိဘတွေဟာ ယူကြုံးမရဖြစ်ပြီး ငါတို့သမီးကို ငါတို့သတ်မိပြီ....တကယ်လို့ သူလုပ်ချင်တာလေးကိုသာ ပေးလုပ်လိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီး နောင်တကြီးစွာ ရကြပါတယ်....နောက်နေ့ အောင်စာရင်းထွက်တော့ သူတို့သမီးလေးဟာ ၃ ဘာသာဂုဏ်ထူးနဲ့အောင်ပါရော....အဲဒီတော့ အမေက ငါ့ သမီးတင်ထားတဲ့ အကြွေးကိုငါ ဆပ်မယ်ဆိုပြီး...သမီးအတွက်ပေးထားတဲ့ စာရင်းထဲမှာ သူ့သမီးအတွက် ယောဂီဝင်ပြီး တရားအားထုတ်တာပါ . ဘုရား " ဆိုပြီး ဆရာတော်ကိုရှင်းပြလို့ မျောက်မူးလဲ တို့သိခဲ့ရတာပါ၊၊ အဲဒီမှာ ဆရာတော်က အရွယ်သုံးပါး လုံးမှာ တရားရှာသင့် ကြောင်း၊ တရားအရိပ်ထက် အေးမြတဲ့ အရိပ်ဆိုတာ မရှိဘူးဆိုပြီး တရားဒါန ပေးလှူခဲ့ပါတယ်၊၊

အဲဒီ ကလေးလေးဟာတကယ်လို့သာ တရားရိပ်သာဝင်ခွင့် ရခဲ့မယ်ဆိုရင် ကံတရား အလှည့်အပြောင်း အရကျလာမယ့် သေခြင်းဆိုးဘေးကြီးကနေလွတ်မြောက်နိုင်ပါတယ်။ (ကောင်းသောသေခြင်းမဟုတ်လို့ သေခြင်းဆိုးလို့ခေါ်တာ ပါ) ၊၊ အခုတော့ မြင့်မြတ်လှတဲ့နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရပဲနဲ့ ကလေးဘ၀မှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ဒါ့ကြောင့် ပထမအရွယ်မှာ တင် တရားရှာခြင်း အလုပ် ကို လုပ်သင့်ပါတယ်။ လူတစ်ယောက်မှာ တရားနဲ့ပတ်သတ် တဲ့ ဥာဏ်ပါရမီဘယ်လောက်ပါတယ်ဆိုတာ ဘုရားမှတပါး ဘယ်သူမှမသိနိုင်ကြပါဘူး။ တကယ်လို့ ကိုယ့်မှာ ဒီလို ပါရမီဥာဏ်ထူးပါခဲ့ရင် ဒီဘ၀မှာ အားထုတ်မှဒီအကျိုးကို ခံစားရမှာပါ။ တကယ်လို့ မပါခဲ့ရင်လည်း ဒါဟာ သံသရာ အတွက်မျိုးစေ့ တစ်ခုဖြစ်သွားမှာပါ ကိုယ့်အတွက်ဘာမှ ဆုံးရှုံးမှုမရှိနိုင်ပါဘူး။ ဒီအားထုတ်ခွင့်လက်လွှတ်ဆုံးရှုံးမှ သာကိုရမယ့် တရားအရသာသိခြင်းဆိုတဲ့ အခွင့်အရေးကြီး တစ်ခုကိုဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အရွယ်တိုင်းမှာ တရား ရှာရမယ်ဆိုတဲ့စကားနဲ့ ပတ်သတ်လို့ ဘုရားဟောကြားခဲ့တဲ့တရားတွေအများကြီး ရှိတာလူတိုင်းလည်းဖတ်ဖူး သိဖူး မှာပါ။ ဒါလေးကတော့မျောက်မူးလဲသိဖူးတဲ့ကိုယ်တွေ့ အဖြစ်ရပ်လေးကို ဓမ္မဒါန အနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။


မျောက်မူးလဲ တို့ဟာ chatting တက်ဖို့ ၊ သီချင်းတွေနားထောင်ဖို့ ကို အချိန် ၁နာရီကျော်ကျော်၊၂ နာရီကျော်ကျော် ပေးချင်ပေးကြမယ်၊ ကိုယ့်ရဲ့ နောက်ဘ၀အတွက်ပါမဲ့ တရားအလုပ် ကိုလုပ်ဖို့ ကျတော့ အချိန်မပေးချင်ကြပါဘူး၊၊ တရား ဆိုတာဟာ တောထဲ သွားပြီး တရား အားထုတ်မှ တရားရတာ မဟုတ်ပါဘူး...နေ့တိုင်းအိမ်မှာတင် အိမ်သုံးတရားကိုကျင့် လို့ရပါတယ်၊ ဘုရားကိုဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီမီး ကပ်တာ....အဖေ၊ အမေ ကို ၀တ်ကြီး ၀တ်ငယ်ပြုစုတာ အဲဒါတွေက ဒါန ကုသိုလ် ရစေပါတယ်၊ကိုယ့်ရဲ့ ငါးပါးသီလကို အတက်နိုင်ဆုံး ထိန်းသိမ်းတာကလဲ သီလကုသိုလ်ပါ၊ ၁၀ မိနစ်လောက် ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ် (meditation)လုပ်နိုင် တာကလဲ ဘာဝနာဆိုတဲ့ ကုသိုလ်ကိုရစေတဲ့ တရားတွေပါပဲ.......


ဘယ်အရာပဲဖြစ်ဖြစ်...တည်မြဲမနေပါဘူး... ကောင်းတာပြီးရင် ဆိုးတာ လာမယ်...ဆိုးတာ ပြီးရင် ကောင်းတာ လာနိုင်ပါတယ်....ဖြစ်ပြီးရင်ပျက် ဆိုတဲ့...တရားအရ တနေ့ကျရင် မျောက်မူးလဲတို့ အပါအ၀င် လူတွေဟာ ဒီလမ်းအတိုင်း သွားကြရမှာပါပဲ.....အဲဒီတော့ သေဖို့ အတွက်ဘာလုပ်ပြီးပြီလဲ.....သေဖို့အတွက်ရော အဆင်သင့်ဖြစ်ပြီလား ဆိုပြီး ၅ မိနစ်လောက် ဆင်ခြင်ကြည့်လိုက်ပါ၊၊ သေခြင်းတရားကို ဆင်ခြင်မှုဟာ ဘ၀မှာလိုအင်ဆန္ဒတွေမများဖို့ကိုလဲအထောက်အကူဖြစ်စေပါတယ် လိုအင်တွေများလေလေ အဲဒါတွေကို အကောင်အထည် ဖော်နေရလို့.... လောဘအပူတွေနဲ့ ပင်ပန်းလှပါတယ်.... တစ်နေ့ သေရမှာပဲ... ဒါတွေဟာ ငါသေသွားတော့ရော.. ငါ့နောက်ကိုပါမှာလား ဆိုပြီးဆင်ခြင်မိတဲ့ လူဟာ ငါနောက်ကို ဘယ်အရာကပါလာ မှာလဲဆိုတာ ကိုလဲဆက်လက်ပြီးဆင်ခြင်မိမှာပါပဲ.....


တကယ်တော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုကို ကိုယ်တာဝန်ယူရမယ် ဆိုတဲ့စိတ်တခုတည်းနဲ့ဒီ Post ကို တင်လိုက်တာ မဟုတ်ပါဘူး။ သိလွန်းလို့ တတ်လွန်းလို့လဲမဟုတ်ပါဘူး၊၊ မျောက်မူးလဲတို့ဟာ တစ်နေ့ကြရင် သေကြရမှာပါ။ သေသွားခဲ့ရင် ကိုယ်နောက်ကိုယူသွားနိုင်တာက ကိုယ်လုပ်ထားတဲ့ ကောင်းမှုနဲ့ မကောင်းမှုပါပဲ။ ဘယ်အချိန် သေမလဲမသိတဲ့ ဟောဒီ လောကကြီးထဲမှာ မျောက်မူးလဲတို့ တတွေအချိန်ရှိခိုက်လုံ့လစိုက်ပြီး ကောင်းမှုတစ်ခု နေ့တိုင်းပြုနိုင်ရင် ဒီဘ၀အတွက်ပါမဟုတ်ဘူး သံသရာ တလျှောက် အကျိုးရှိသွားမှာပါ။





  • သွားထပ်နှစ်ထပ်နဲ့ကောင်မလေး တွေကိုတွေ့ရင်နင့်ကိုသတိရတယ်။


  • ကျောင်းသွားမယ်ဆိုပြီး မနက်အစောကြီး နင့်အိမ်ကိုလာ၊ ပြီးရင် Game ဆော့တတ်တဲ့ငါ့ကို အိပ်မှုန်ဆုံဖွားနဲ့ ချေး ထုပ်မကြီး ဆိုပြီး တံခါးထဖွင့်ပေးတဲ့နင့်ကို သတိရတယ်။

  • ငါချက်ကျွှေးတဲ့ ဟင်းမှန် သမျှကိုကောင်းကောင်းမကောင်းကောင်း ကောင်းတယ်ဆိုပြီး စားတတ်တဲ့နင့်ကို သတိရတယ်။

  • စာကျက်ရင်းနဲ့ပျင်းတယ်ဆိုပြီး ည၁၂နာရီ ကျော်ကြီး တိုက်ခန်းတွေအောက်ကကြိုး တွေကိုဆွဲပြီး ထွက်ပြေးခဲ့တဲ့ ညတွေကိုသတိရ တယ်။

  • ဒီဆိုင်က လွမ်မိုးသီချင်းတွေချည်းပဲ ဖွင့်တယ်ဟာ တစ်ခြားဆိုင်ပြောင်း ထိုင်မယ်ဆိုပြီး အဲဒီ လဖက်ရည် ဆိုင် လေးမှာပဲ ငါတို့ ၂ယောက်အမြဲထိုင်ပြီးလေပေါ်ခဲ့တဲ့ နေ့တွေကို သတိရ တယ်၊၊

  • ရေကျော်က ပန်းတောင်ရိပ် ဆိုင်ကကောင်မလေး ကို ဆေးဘဲဥနဲ့ အိုးဘဲဥ ဘာကွာလဲ ၊ ထောပတ်သီး ကို စက်ဖျော် ဆိုပြီးဘာလို့ လက်နဲ့ အရင်ခြစ်တာလဲဆိုပြီး ရစ်တတ်တဲ့ နင့်ကိုသတိရ တယ်။

  • အာပူလျှာပူ ကြိုက်လွန်းတဲ့ ငါ့ကို ထမ်းပိုး လေးတွေနဲ့ ရောင်းတဲ့ အညာက အာပူလျှာပူ ရောင်းတဲ့ကောင်လေးတွေကို ယူလိုက်ပါလား၊ ဆိုပြီးအမြဲ စတတ်တဲ့ နင့်ကိုသတိရတယ်၊၊

  • ဗိုလ်ချုပ်လမ်းပေါ် က ညနေဈေးတန်းလေး တွေမှာ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်စား ၊ ပြီးရင် ထိုးအန်တတ်တဲ့ ငါ့ကိုချေးထုပ်မ မြိုတုန်းကမြိုတယ်လေဆိုပြီး ကျောကို သေအောင်ထုမယ်ဆိုပြီး နင်ဘဲပြုစုပေးခဲ့ရတဲ့ ညနေ တွေကိုသတိရတယ်၊၊


  • စိန်ထွန်းဆိုင်က ကာတွန်းတွေကိုငှားပြီး ပြန်အပ်ဖို့ အမြဲမေ့တတ်တဲ့ ငါ့ကို ကာတွန်းအပ်ရပ်မယ်လေ၊ မေ့နေပြီလားဆိုပြီး လာခေါ်တိုင်း ဆဲတတ်တဲ့နင့်ကို သတိရတယ်၊၊

  • ဆရာ စာရှင်းရင် သီချင်းစာသားတွေ လျှောက်ရေး တတ်တဲ့ငါ၊ နင်သေချာနားထောင်လိုက်နော် ပြီးရင် ငါ့ကိုပြန်ရှင်းပြဆိုပြီး ငါပြော တိုင်း သေတောင်မရှင်းပြဘူးဆိုပြီး project တွေလုပ် တိုင်း ချစ်ဆုံးဆိုတာနဲ့ ခုတော့ သေပြီမဟုတ်လားဆိုပြီး ၊ အမြဲကူးရေး ပေး တတ်တဲ့နင့်ကိုသတိရတယ်၊၊

  • ငါ့ကို အလိုလိုက်ပြီး လှော်ကားကို တစ်နေ့ လိုက်လည်တဲ့ နင် အပြန် ဖယ်ရီ ကားပေါ်မှာ မူးပြီးအန်၊ ငါမရတော့ဘူး ချေးထုပ် ဆိုပြီး တစ်ပါတ်လောက်ဖျားသွားတဲ့ နင့်ကိုသနားတယ်၊၊

  • အလုပ်တွေမအားတဲ့ ကြားကနေ ငါဆေးရုံတတ်ရတော့ အလုပ်ပြီးတိုင်း အဝေးကြီးက လာပြီးစကားလာ ပြောပေးတတ်တဲ့ သူငယ်ချင်းကို အရမ်း သတိရတယ်၊၊

  • စိတ်ညစ်တိုင်း ဗိုလ်တစ်ထောင်ဆိပ်ကမ်း တံတားပေါ်သွားပြီး ငါနဲ့တူတူ အော်အော် တတ်တဲ့ နင့်ကိုသတိရတယ်။

  • တွဲလွန်းလို့နင်တို့နှစ်ယောက်ကြိုက်နေတာလား ဆိုပြီးစတတ်တဲ့ ကာတွန်းဆိုင်က အမတွေကို ဒီကောင်မကိုလားဆိုပြီး ငါ့ကိုလူရှေ့မှာ တင်ပိတ်ကန်လို့ ၊ငါကလည်ပင်းပြန်ညှစ်တော့ ဆိုင်က အမကြီးတွေရဲ့ အံဩတဲ့မျက်လုံးတွေကို အဲဒါကျီစားတာ ဆိုပြီး ပြန်ပြော တဲ့ သူငယ်ချင်းရေ၊သတိရတာတွေကို ချရေးရင်ကုန် မှာ မဟုတ်ဘူး၊၊

  • အ၀တ်အစားထက် အစားသောက် ဘက်ကို ပိုပြီးစိတ်ဝင်စား တတ်သူ၊

  • ဈေးဝယ် ထွက်တာထက် အိမ်မှာ ဂိမ်းကစားဖို့ ကိုပဲ ၀ါသ နာပါတတ်သူ၊

  • ပိုက်ဆံရှိရင်သေအောင်စား ပြီး မရှိရင် premier ကော်ဖီတစ်အိုးနဲ့ အိမ် မှာတူတူ လေပေါတာချင်းတူတဲ့သူ၊

ငါ့ဘ၀မှာ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ငါဆိုးရင်သည်းခံ ပြီး နားလည်လွန်းတဲ့ နင့်ကို ငါအရမ်း သတိရတယ် ၊၊နင်ကငါ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် ငါကတော့ နင့်အတွက်ဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် ဘာလို့လဲဆိုတော့ ငါလိုလူက ငါ ချစ်တဲ့ နင့်ရဲ့ မွေးနေကိုတောင် အမြဲမေ့တတ်တဲ့လူလေ၊
ဒါပေမယ့်ငါ့ကိုဘယ်သူကဘယ်အချိန်မှာ မေးမေး၊ ငါရဲ့မိတ်ဆွေကောင်းပဲဆိုတာကို ငါရဲရဲ ကြီးပြောရဲပါတယ်။ ပျော်ရာမှာ မနေ ၊ တော်ရာမှာ နေနေရတဲ့ ငါတို့နှစ်ယောက်မဆုံ ဖြစ်တာ (၃) နှစ်ကျော်တောင်ရှိပြီ ၊၊ ဒါပေမယ့် တိုက်ဆိုင်မှုတွေရှိတိုင်း ၊ နင့်ကို အမြဲသတိရနေလျက် နင့်ရဲ့  သူငယ်ချင်း............................................... ( တိုက်ဆိုင်မှုတွေရှိလာတိုင်း အမှတ်တမဲ့မင်းကိုလွမ်းပါတယ် အပေါ်ယံရှပ် ထိသောဒါဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွာ)..........
Sent at 10:20 PM on Wednesday


အော် တော်တော် Snacks ကြိုက်တယ်


နာ ငါးမွေးထားတာ အသုံးဝင်ပြီ

ဘ၀ ဆက်တိုင်း မျက်နှာများတဲ့ လူနဲ့ တွေ့ရင် နိုင်ချင်လို့ပါး)

ဘာလဲ ရေချိုးပြီးမှ လာတာ ၊ မယုံရင်ခေါင်းပေါ်ကြည့် ၊ Soap မရှိတော့ဘူး တွေ့လား ဟီးဟီး


သူလေးက အကြွေးအကုန်ဆပ်ပြီးပြီတဲ့


Spider Man ကိုအားကျလို့နဲ့ တူတယ်


နေရောင် ထွက်လာတော့မယ် ၊ Photo ရိုက်တာ ကြာတယ် ၊ မြန်မြန်လုပ် Ice cream အရည်ပျော်ကုန်တော့မယ်

ဘာကြီးလဲကွာ ၊ မျောက်မူးလဲ မူးသွားပြီး(

စတော်ဘယ်ရီ ချစ်သည်းရှင်


ဖွားဖွားရယ် ခေါင်းမကိုက်ဘူးလားဟင်


ဟယ် သူလေးကတော့လှတယ်


ပန်းကြိုက် တဲ့ ညီမလေးရယ် ၊ ညီမလေးကိုလည်း ချစ်ပါတယ် ၊ ညီမကြီးကိုလည်းချစ်ပါတယ်း)


ဖြေးဖြေးလာပါ ၊ ပြုတ်ကျကုန်မယ် ခေါင်းပေါ်ကဟာတွေ မမတို့ရယ်


ဘာတွေမှန်းကို မသိတော့ဘူး


တို့ အဖွားက သစ်ခွပန်းကို အဲဒီလို ကြိုက်တာ


ငှက် မစင်စွန့်လိုက်မှ အော် ဒုက္ခ ၊ ဒုက္ခး(

ဘာဘဲပြောပြော တို့မြန်မာပြည်က ၀ါး ဦးထုပ် လေးက အကောင်းဆုံးဘဲ ၊ အေးချမ်းတယ် ၊ ပိုက်ဆံလဲကုန်ဘူး ၊မျက်စိလဲမနောက်ဘူး ၊ ဟုတ်တယ်ဟုတ်း)







English လူမျိုးတွေရဲ့  နေ ကိုကြိုဆိုတဲ့ ပွဲတော်(နွေရာသီကြိုဆိုပွဲ)ကို Stonehenge မှာ နွေယဉ်စွန်းချိန် ဇွန်၂၁ရက်ခန့်တွင်ကျင်းပရာ လာရောက်သူပေါင်း ၃၆, ၅၀၀ ကျော် ရှိပါတယ် ၊၊




၂၀ ရက်နေ့ကတည်းက ဒီလို လာပြီး စောင့်ကြပါတယ် ၊၊



ပျော်ပျော် ပါးပါးပေါ့ ၊၊





နေရောင် ထွက်လာတဲ့ ၂၁ ရက် ၊ ၄.၄၅ am မှာတော့ နေရောင် ကိုကြည့်ပြီး Cheers လုပ်ကြပါတယ် ၊၊ ပွဲတော်(နွေရာသီကြိုဆိုပွဲ)ကို လာရောက်သူများဟာ ရွက်ဖျင်တဲထိုးခွင့် ၊ အရက်ပုလင်းယူလာခွင့် မရှိဘာဘူး၊
Car Parking ကို 1 day free ပေးထားတယ်လို့သိရပါတယ် ၊၊
တို့ မြန်မာပြည်ဆို ပေါ်လို့ နေရောင်ခြည်များး)



London Metro News Paper မှာ Wanted Flexible Performers for Crush course in Act ဆိုပြီး ကြော်ညာလေးကိုတွေ့လို့ သဘောကျလို့ Post အနေနဲ့ တင်ပေးလိုက်ပါတယ် ၊၊

အလုပ်လုပ်ချင်တဲ့ သူတွေကတော့ ကျန်းမာရေးကောင်းမွန်ရမယ်၊အနုပညာကိုခံစားနိုင်တဲ့စိတ်၊ hallenge တွေကို fully overcome လုပ်နိုင်တဲ့စိတ်ဓာတ်တွေလိုပါတယ်တဲ့ ၊၊ဓာတ်ပုံထဲကလို Colourful Shirt ကိုဝတ်ပြီး Crush Art လည်း လုပ်နိုင်ရပါမယ်း)

Team ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လူတွေကို ပျော်စေချင်တာ ၊ ပြီးတော့ ထူးဆန်းတဲ့ Sence နဲ့ ဆွဲဆောင်ချင်တာရယ်လို့ဆိုပါတယ် ........

သူတို့ Team မှာ ထူးထူးခြားခြား ထိခိုက်ဒဏ်ရာရ တဲ့သူမရှိသေးဘူးလို့ဆိုပါတယ်.....

မျောက်မူးလဲလေး သွားလျှောက်ရင်ရနိုင်မယ် ထင်ပါတယ် ဟီးဟီးး)...

တချိန်တုန်းက တယောက်သောသူက ဒီသီချင်းလေးကို ဆိုဆိုနေတတ်လို့ မျောက်မူးလဲလေး အရမ်းကြိုက်ပါတယ်.......

ဘာမှလဲ ဆိုင်ဘူးနော်..........;)

ကိုယ့်ချစ်သူကို အနိုင်မယူဘဲ တန်ဖိုးထားနိုင်ပါစေ..............





ဒါလေးက နောက်တပုဒ် ၊ လရောင် မမြင်ရတာကြာပြီဟာ၊ ငါဒီမှာပျော်နေတယ်လို့ထင်နေလား .........




တကယ်ပါ...ဘယ်သူကမှားလို့ မှားနေမှန်း ငါမသိဘူး ၊ ဒါပေမယ့် ငါတို့တွေ နောင်တ မရကြေး...




သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

မိုဃ်းဇော်
(မိုဃ်းဇော် သေတမ်းစာ ကဗျာစာအုပ်မှ)

ရန်ကုန် - မန္တလေး အဝေးပြေး လမ်းမပေါ်မှာ တည်ရှိတဲ့ မာမီ့ အဆောင်ဟာ အဆောင်ကို ၀င်တဲ့ တံခါး ပေါက်ကတစ်ခု ၊မာမီတို့နေတဲ့အိမ်ကိုဝင်တဲ့တံခါး ပေါက်ကတစ်ခုနဲ့ တစ်ခြားဘက်မှာတော့ စတိုးဆိုင် တစ်ဆိုင်၊ Pioneer Restraunt ၊ Pioneer မြန်မာ ထမင်းဆိုင် နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်ဆို ပြီး ဆိုင်များစွာ တန်းစီပြီးဖွင့်ထားတာဟာ ဘောလုံးကွင်း ၂ ကွင်းစာ လောက်ရှိမယ်ထင်ပါတယ်။ ခြံထဲကိုဝင်ဝင်လိုက်ခြင်း မှာ သစ်ပင်ပုလေးတွေ ၊ ခုံတန်းလေးတွေ၊ ဒန်းလေး တွေနဲ့ တိုက်ပုလေးတစ်လုံး ၊ တိုက်ရဲ့အနောက်ဖက်မှာတော့ အဆောင်လို့ထင်ရတဲ့ နှစ်ထပ်ဆောင်၊သစ်ရိပ်ဝါးရိပ်နဲ့ မြင်မြင်ချင်းကို စိတ်ချမ်းသာဖွယ် လှမ်းတွေ့ရပါတယ်။တိုက်ပုလေးရဲ့ ဘေးနားမှာ ဤနေရာမှစ၍အမျိုးသားများမ၀င်ရ ဆိုတဲ့ဆိုင်းဘုတ်ကြီးချိတ်ထားတဲ့ဧည့်သည်ဆောင်ကိုတွေ့ရပါတယ်။


အဲဒီနောက် ပထမဦးဆုံး မာမီတို့ အိမ် ထဲကိုအရင်ဝင်ပြီး သတင်းပို့၊ ပြီးတော့ အဆောင်အခန်းရွေးဖို့ ဇင်မာဆိုတဲ့ ကောင်မ လေးကို မာမီက ထည့်ပေးလို့ မျောက်မူးလဲ တို့ အဆောင်ဖက်ကိုထွက်ခဲ့ပါတယ်။ တစ်ဦးတည်းသော အားကိုးစရာ ညီမတော်က မြို့ထဲ မှာပစ္စည်းဝယ်နေလို့ဆိုပြီး မျောက်မူးလဲတို့ အဆောင်ရောက်တဲ့အခါမရှိပါဘူး။ အဲဒီ့ လိုစိတ်ချရပါတယ် ၊၊


အဲဒီ့ တိုက်ပုလေးမှာ (၃) ခန်းစီကကပ်ရပ်ရြှိပီး အလယ်မှာ လူသွားလမ်းလေးရှိပါတယ်၊၊ တိုက်ပုလေးရဲ့ အစွန်ဘက်က အခန်းမှာ အမရဲ့  ညီမနေကြောင်း တိုက်ပုလေးမှာ(၂) ယောက်ခန်း (၆) ခန်းရှိပြီး လောလောဆယ် ညီမတော်က တခန်းနဲ့ ကောင်မလေးတစ်ယောက်က (၁) ခန်း၊ (၄) ခန်းအားနေကြောင်း နောက်ဖက် အဆောင်တွေမှာလည်း အခန်းလွတ်တွေ ရှိကြောင်း အဲဒီဘက်မှာတော့ လူများကြောင်းတစ်သွင်သွင်နဲ့ ရှင်းပြရှာပါတယ်။ အမေက ကဲညီမ(၂)ယောက် တူတူဖြစ်အောင်အဲဒီမှာဘဲနေဆိုတော့ မျောက်မူးလဲကလဲ အဲဒီ တိုက်ပူလေး ကိုစတွေ့ကတည်း က သဘောကျ နေတာဆိုတော့ ကဲ ရပြီ ညီမ....အမ အဲဒီမှာပဲနေမယ်ပေါ့ ....ရမလားဆိုတော့ ဘယ်အခန်းနေမလဲတဲ့ ...အော် ခက်ပြီ။

အမေကလဲ သူ့ညီမနဲ့ ကပ်ရပ်နေ မယ်လေဟယ် ပေါ့ ၊ အဲဒီတော့ အဲဒီကောင်မလေးက အမဟိုဘက်အစွန်ဆုံးအခန်းမှာ နေပါ လားတဲ့ ၊ အွန်..အမ ညီမအခန်းနဲ့ကပ်ရပ်နေလို့မရဘူုးလားပေါ့၊၊ ကိုယ်ကတော့ သိမှမသိတာ၊ အမေကလည်း အေးလေ သမီးဘာဖြစ်လို့လဲ ဆိုတော့တိုးတိုးလေး ကပ်ပြီးပြောပါတယ်၊၊သူတိုးတိုးလေး ပြောလိုက်တာက ၊ အဲဒီအမညီမအခန်းဘေးနားက အခန်းမှာ ကင်းသိုက်ရှိတယ်တဲ့...ဟေ အမလေး.. ကင်းမြှီး ကောက်လား၊ ကင်းထောင်ကျားလား ဘာကင်းလဲဆို တော့ ကင်းနီ ကြီးတဲ့၊၊ ဟဲ့ နင့်ကင်းကဘယ်လောက်ရှိလဲဆိုတော့ လက်ဖ၀ါးလောက်ရှိပါတယ်တဲ့..... ဘုရားကယ်ပါ ..အရပ် ကတို့ရေ...ဒီလို ကင်းသိုက်ရှိတဲ့ တိုက်ပုမှာ ငါညီမက ဘယ်လိုနေတာဘာလဲပေါ့ ... မေးချင်သောလည်း အားကိုရတဲ့ ညီမက မျောက်မူးလဲတို့ အနားမှာ မရှိတော့..ကဲဒါဆိုလည်းလောလောဆယ် အမ ညီမအခန်းထဲမှပဲ နားအုံးမယ်ဟယ်၊ ပြီးတော့မှ ရွေးတာပေါ့ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ပဲညီမတော် အခန်းထဲမှာ မျောက်မူးလဲတို့နေရာချ ကြတယ်ဆိုပါတော့ နေစရာကလည်း ရှိမှ မရှိဘဲကိုး၊ သူများအိမ်သွားတက် နေလို့လဲရမလား ၊ သူ့အဆောင်ကို အခုမှလာတာ လျှောက်ပြောတယ် ဆိုပြီး ကန်ချမှ ဟုတ်ပေ့ ဖြစ်နေမယ်၊၊


အခန်းထဲ ၀င်လိုက်တော့မှ အခန်းက ၂ယောက်ခန်းပါ။ ဒါကိုသူ့ဘာသာကုတင် ၂ လုံးကို ဆက်ပြီး သူတစ်ယောက်တည်းနေတာပါ။ အခန်းကလည်း တော်တော်ကိုကျယ်ပါတယ်။ ပြူတင်းပေါက် လည်း ၂ ဖက်နဲ့ လေ၀င်လေထွက်လည်း ကောင်းပါတယ်။ စားပွဲတစ်ခုကို စာကြည့်ဖို့နဲ့ ၄ပေ မီးချောင်းထွန်း ထား ပေးပါတယ်။ ကင်းနီကြီးတော့ မတွေ့ရသေးဘာဘူး ဒါပေမယ့် အကုန်လုံး ခြေထောက်တွေက ကုတင်ပေါ်မှား) ဟီးဟီး ........

နောက် အမေကဘဲ စပြီး ကြောက်မနေနဲ့ မျက်နှာသစ်ရအောင် ဆိုပြီး သမီး အုတ်ကန် ဘယ်မှာလဲ ဆိုတော့ ကောင်မလေးက အမလာ ညီမတစ်ခါတည်းအဆောင်လိုက်ပြမယ်ဆို တော့ မျောက်မူးလဲ ပါထလိုက်သွားရတာပေါ့။ တိုက်ပုလေးကနေ အနောက်ဘက်ကွန်ကရစ် လမ်းလေး အတိုင်းသွားလိုက်တာ စာကျက်ဆောင်လိုမျိုး အဆောင်တခု၊ ညာဘက်ကို ချိုးလိုက်ရင် ရေချိုးရန်ဆိုပြီး အုတ်ကန်ကြီး ၄ ကန်၊ ကဲရေချိုးစမ်း ပါလာတဲ့ ဂျီးကုန်အောင်တွန်း ဆိုပြီး ပြောနေတဲ့ အတိုင်းပါပဲး)။ပြီးတော့ အမယ် တောင်ငူအဆောင် ဆိုပြီး အထင်မသေးလိုက်နဲ့အုံး GYMအခန်းနဲ့ ဟိုဘက်မှာ အိမ်သာ၁၀လုံးက စနစ်တကျ၊ တော်တော်လေးကို စည်းကမ်းရှိပြီး သေသေသပ်သပ် တကယ့် စေတနာနဲ့ ဆောက်ထားပေးတာပါ။ တကယ်ပါ နှစ်ယောက်ခန်း တစ်ခန်းကို ၈၀၀၀ကျပ်ဆိုတာနဲ့ မတန်လောက်အောင် facilities အပြည့်ပေးထားပါတယ်၊၊ ရေသုံးရင်သုံးလို့၊ မီးပူ တိုက်တာတောင် အဆောင်ရှင်အလစ်မှာ တိုက်ရတယ် မျက်နှာကြီးဆူထားလို့ ဆိုပြီးငြီးတဲ့ ရန်ကုန်အဆောင်က သူငယ်ချင်းတွေကိုတွေးပြီး မျောက်မူးလဲလေး ကံကောင်းတယ်လို့ တွေးမိပါတယ်။

နောက် ၁ နာရီလောက်ကျတော့ ညီမတော် သူ့သူငယ်ချင်းတွေနဲ့ ပြန်ရောက်လာရော ဆူဖို့ Readyလုပ်ထားတဲ့အဒေါ်က မဆူနိုင်ဘဲ ဟဲ့ နင်အခန်းကပ်ရပ်က ကင်းသိုက်ဆို ပြီးမေးတော့ သူကအေးဆေးဘဲ၊၊ ဟုတ်တယ် မလေးတဲ့ မကြောက်နဲ့တဲ့ နောက်ကျရင်ခင်သွားမှာ သူ့ဘာသာသူနေတာဘာ သမီးနေတာကြာနေပြီ အေးဆေး ဆိုဘဲ၊ ဘယ်လိုနေလဲတော့မသိး( အစွန်ဆုံးအခန်းမှာနေလေ သမီးရှင်းပေးမယ်၊ နှစ်ထပ်ဆောင်ကလူ (၇၀) ကျော်တယ် ဆူတယ်အရမ်းဘဲဆိုပြီးသူ့သူငယ်ချင်းတွေနဲ့ အခန်းဝိုင်းရှင်းပါလေရော ၊၊.......အဲဒါနဲ့ဘဲ ကင်းသိုက်ရဲ့  ကပ်ရပ် အစွန်ဆုံးအခန်းမှာ ညီမ (၂) ယောက် ၊ (၁) ယောက် (၁) ခန်း ပေါ့..၊၊ သူ့ကအရင်လူဆိုတော့ နောက်ဖြစ်နောက်ရှင်းဘဲ နေမယ်ကွာ ဆိုပြီး နေဖြစ်သွားပါလေရော.....


၁၆.၆.၂၀၀၉ နေ့က London တိသရဏဘုန်းတော်ကြီးကျောင်း မှာ မျောက်မူးလဲ တို့မောင်နှမ တွေ အာရုဏ်ဆွမ်းကပ်လှူခဲ့ကြ တဲ့ ဓာတ်ပုံလေးတွေကို သာဓုခေါ်နိုင်စေရန် အနေနဲ့ဖော်ပြလိုက်ပါတယ် ၊၊ ပြီးခဲ့တဲ့ မျောက်မူးလဲ မွေးနေ့တုန်းက ကျောင်းထိုင်ဘုန်းတော်ကြီး (၄) ပါးကို ဖူးခွင့်ရ ခဲ့ပြီး ဒီတခေါက်မှာတော့ USA နဲ့ Austria က ဘုန်းတော်ကြီး (၂) ပါး ကြွရောက်နေလို့ စုစုပေါင်း (၆) ပါး ဖူးမြော်ဆွမ်းကပ်ခွင့်ရခဲ့လို့ အလွန်ဘဲ ၀မ်းသာပီတိဖြစ်ရပါတယ် ၊၊


London တိသရဏဘုန်းတော်ကြီးကျောင်း





ကြည်ညိုစရာ ဘုရားခန်း





ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းရှိ ဘုရားဆင်းတုတော်



အာရုဏ်ဆွမ်း မုန့်ဟင်းခါး


ဘုန်းတော်ကြီး များဆွမ်းဘုန်းပေးနေစဉ်

ဘ၀မှာ အပျော်ရွင်ဆုံး အချိန်ကိုပြောပါဆိုရင် အင်္ဂလန် မလာခင် တောင်ငူ GCC(Goverment Computer College) မှာခဏသွား နေခဲ့တဲ့ အချိန်ပါပဲ...။ မျောက်မူးလဲ KMD က BCIS final year result စောင့်နေတုန်း အမေက စိတ်ပြေလက်ပျောက် ဖြစ်အောင်ဆိုပြီး တောင်ငူ GCC ကို ပို့လိုက်ပါတယ်။ ရန်ကုန် က နေ တောင်ငူGCC ကို သွားရမယ်ဆိုတော့ ကြား ကြားချင်း တော်တော်စိတ်လေသွားပါတယ်။


၁၀တန်းအောင်ပြီးကတည်းက KMD နဲ့ UCSY(University of Computer Studies in Yangon) ကိုပြိုင်တက် နေရတာ ၊ အခု KMD ကနေ result စောင့်နေရတဲ့အချိန်လေး အေးအေးဆေးဆေး နေချင်ပါတယ်...ဒါပေမယ့်မြို့ထဲကနေ လှော်ကား UCSYကို နေ့တိုင်းသွားရတာ မျောက်မူးလဲ ကျန်းမာရေးနဲ့မသင့်တော်ဘူး ဆိုတာကို အမေကစိတ်ပူပုံ ပေါ်ပါတယ်။ ပြီးတော့ ဟိုမှာ မျောက်မူးလဲရဲ့ ညီမ၀မ်းကွဲ တစ်ယောက်လည်းရှိတယ်။ အဆောင်ကနေ GCC ကို ၅မိနစ်လောက်ဆိုင်ကယ်မောင်းတာနဲ့ ရောက်တယ်ဆိုတော့ အမေက ဒီတိုင်းနေမယ့်အစား UCSY ကနေ transfer ပြန်လုပ်ပေးမယ်၊ အင်္ဂလန်ကိုလဲ KMD result pass ဆိုမှ နင့်အဖေက allow လုပ်မှာ၊ ဒီ computer degree လေးတော့ရအောင် ယူလိုက်ပါ သမီးရယ် ၊ စိတ်ပြေလက်ပျောက်ပေါ့ ဆိုပြီး သွားနေစေချင်ပါ တယ်။
အမှန်တော့ အဖေက KMD က Final result fail ရင် ဘာ degree မှ မရမှာ စိုးတာပါ...သိတာပေါ့း)


မျောက်မူးလဲ ဘ၀မှာ အမေ့ကို အချစ်ဆုံးပါ။ အမေ စိတ်ချမ်းသာတာကို မြင်စေချင်တဲ့စိတ် ရော၊ အဲဒီ့အချိန်တုန်းက UCSY ကို အမှန်တကယ် စိတ်နာလို့ ဆက်မတတ်ချင်တော့တာရော ... တကယ်ပါ ကိုယ့်ကိုကိုယ် UCSY ကျောင်းသား လို့ မပြောချင်တဲ့အထိပေါ့.... ၊ ဘာလို့လဲ သိချင်လား..... ပြောပြမယ်.... နောက်မှပေါ့...:) အဲဒါနဲ့တောင်ငူ GCC ကို ရောက်ခဲ့တယ်ဆိုပါတော့....။အဒေါ်အပျိုကြီး တွေရယ်၊ အမေရယ် ခြံရံပြီး တောင်ငူက ဧကရီဆောင်(မာမီ တို့ အဆောင်လို့ပဲ လူသိများပါတယ်) ကို ရောက်လာတယ်ဆိုပါတော့။ အဆောင်ပိုင် ရှင်ကို မာမီလို့ခေါ်ကြလို့ မာမီ့အဆောင် လို့ ဖြစ်သွားတာပါ။


မျောက်မူးလဲ တခါမှတောင်ငူကို မရောက်ဖူးပါဘူး ရန်ကုန်ကနေ ထွက်ထွက်လာချင်းလမ်းတစ်လျှောက်လည်း ညီမက ဟိုး အရင်ကပြောဖူး တယ်လေ သူတို့ Taungoo GCCက ပျင်းဖို့ကောင်းတယ်။ ရန်ကုန်က မိုက်တယ်....ဘာညာဆိုတော့...အသားမကျမှာကိုစိတ်ပူမိပါတယ်.... ကိုယ်က သူတို့လို ပထမနှစ်ကတည်းက တက်လာကျတဲ့ သူငယ်ချင်းလည်းမဟုတ်တော့ ငါတော့ တစ်ယောက်တည်း ပျင်းနေ မှာပဲပေါ့။ အင်း ရန်ကုန်မှာနေတုန်းကလဲ အဆောင်နေတဲ့ သူငယ်ချင်း တွေဆီ က သူတို့ ဒုက္ခတွေလည်း ကြားဖူး တော့ တော်တော်လေးကို စိတ်ပူမိပါတယ်.။ ဒါပေမယ့် မာမီ့ အဆောင်ထဲကို ရောက်သွားတာနဲ့ မျောက်မူးလဲရဲ့ စိတ်ကူး တက်တက်စင်အောင်လွဲ တော့ တာပါပဲ...................



လက်ရှိ British No-1 Andy Murry (Current World No.3) ဟာ ဒီနေ့ရဲ့ Queen's Club Tournament ပွဲမှာ Spain က Juan Carlos Ferrero ကို 6-2,6-4 နဲ့Final ကိုတက်လှမ်းသွားပါပြီ၊၊ အကယ်၍ Andy Murry သာဒီနှစ်ရဲ့ Queen's Club ကိုအနိုင်ရ ဗိုလ်စွဲခဲ့ရင် သူဟာ 1938 နောက်ပိုင်းမှာ ပထမ ဦးဆုံး British Tennis Champion Player ဖြစ်လာမှာပါ ၊၊ ဒီ Queen's Club Cup ကို 1938 Bunny Austin ကဗိုလ်စွဲခဲ့ပြီး ဘယ် British Player ကမှ အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းမရှိပါဘူး ၊၊ ပြောစရာဆိုလို့ Tim Henman က 2002 မှာ Queen's Club ရဲ့ Final ကိုရောက်ရှိခဲ့တာ ဘဲရှိတယ်၊၊

Queen's Club မှာ Andy Roddick(USA)နဲ့ Lleyton Hewitt(Austria) တို့က တလှည့်စီ ဗိုလ်စွဲနေကြတာဟာဖြင့် မနှစ်က Rafal Nadal(Spain-Current World No.1) ဗိုလ်စွဲသွားတော့မှဘဲ ရပ်သွားတာပါ၊၊တကယ်တော့ Queen's Club Tournament ဟာ Wimbledom open(Grand slam Title)ကြီး ရဲ့ အကြိုသွေးပူပွဲပါပဲ၊၊Grass Court တွေ့ရဲ့ အစဆိုရင်လဲမမှားပါဘူး....

Traditional အရ ဒီပွဲမှာအနိုင်ရသူ ၊ Final နဲ့နီးစပ်တဲ့ tennis player တွေဟာ Wimbledon Open မှာတော်တော်အခြေအနေ ကောင်းပါတယ် ၊၊ လက်ရှိအခြေအနေအရ World No.1 Rafal Naddel တစ်ယောက်ကတော့ Injury Problem အရ ဒီ Wimbledon Open ကိုဝင်နိုင်မ၀င်နိုင် မသေချာသေးပါဘူး အကယ်၍၀င်နိုင်ရင်တောင် Fully Fit ပြန်ဖြစ်မယ်ဆိုတာ အာမ မခံနိုင်သေးကြောင်း သူရဲ့  Coach ပြောကြားချက်အရတော့ အားရစရာ မရှိပါဘူး ၊၊


လက်ရှိ French Open (Rolan Carlos)ရဲ့  လက်ရှိချန်ပီယံ Roger Fader ကလဲ သူအင်မတန် တောင့်တနေတဲ့ ဒီ Clay Gram Salm ကို အခုမှရလို့ emotional တွေအရမ်းရပြီး အခု Queen's Club ကိုတောင် ၀င်မကစားနိုင်ဘဲ နားထားရပါတယ် ၊၊ Roger Freder ကတော့သူရဲ့  အောင်ပွဲတွေကို ဆက်တိုက်ရရှိစေခဲ့ တဲ့ ဒီ Wimbledon Open ကို သေချာပေါက် ပါဝင်ဆင်နွဲ မှာပါ ၊၊ ဒါပေမယ့် သူရဲ့  လက်ရှိအခြေအနေအရတော့ နောက်ထပ် တခုကို ဗိုလ်စွဲဖို့ကို အတော်လေးအရှိန်ယူရအုံးမှာပါ ၊၊ပြီးတော့ သူဟာဒီ Wimbledon Open ကို Target ထားပုံမပေါ်ပါဘူး ၊၊Roger Freder ဟာ လက်ရှိမှာတော့ Total 14 Grand Slam ကိုရရှိ ထားပြီး Pete Sampras နဲ့ စံချိန်တူ တင်ထားသူပါ ၊၊

Andy Murry (World No.3 )နဲ့ Roger Freder(World No.2)





ဒါကြောင့် Coming Wimbledon Open မှာ Andy Murray ရဲ့  အဓိကပြိုင်ဘက်ဟာ World No.4 Djokovic ဖြစ်ပါတယ်၊၊World No 3 Andy Murry ဟာ ဒီနှစ်ရဲ့ APT Standing မှာ အလားအလာအရမ်းကောင်းနေပေမယ့် သူဟာဘယ် gram slam ကိုမှ ရရှိခဲ့ခြင်း မရှိပါဘူး ၊၊ဒါကြောင့် ဒီ မှာအနိုင်ရ ဗိုလ်စွဲမှသာ APT Ranking ကော British မြေ Home Land မှာပါ ဂုဏ်သိက္ခာတတ်စေမှာပါ၊၊

Andy Murray ဟာ Last Year ကတော့ Wimbledon open ကို Quater Final အထိ တတ်ရောက် နိုင်ခဲ့ပါတယ်၊၊Andy Murray ဟာမကြာခင် ကျင်းပတော့မယ့် Wimbledon Open မှာ အနိုင်ရ ဗိုလ်စွဲနိုင် မနိုင်နဲ့ ဘယ်အဆင့်ထိ တက်ရောက်နိုင်မလဲဆိုတာကို Tennis ပရိတ်သတ်ကြီး မျောက်မူးလဲ နဲ့ စောင့်ကြည့်ကြရအောင်..............................



အိပ်မက် မက်တယ်
သူ့ အကြောင်းပေါ့
ဝမ်းနည်း ၀မ်းသာ
ရင်မှာ ခံစား
ပြီးတော့  စိတ်ပူ
သူ ဘာဖြစ်သလဲပေါ့၊၊


ဟိုး အရင်က
နင်ငါ့ကို သိပ်သတိမရနဲ့
ညညဆို မအိပ်ရဲဘူး
နင့်အကြောင်းဘဲ အိပ်မက်မက်လို့ဆိုပြီး
နင် စတုံးက
ရင်မှာမြိုသိပ် ၀မ်းနည်းခဲ့၏
ငါနင့်ကို အိပ်မက် မမက်၍၊၊


ဩော် ကြာခဲ့ပြီကွယ်
မျှော်လင့်တုံးက
မရခဲ့ပေမယ့်
အခုရလည်း နင့်အတွက်စိတ်ပူ
အဝေးရောက် သူငယ်ချင်းတစ်ယောက်....
ကျန်းမာ၊ ချမ်းသာ၊ ဘေးဘရာ ဝေးကွာစေကြောင်း..
ငါဆုတောင်းသည်။


"I am 100% boy" တဲ့ .. ကဲ Britney Spears လို့ ထင်ရင်တော့ မှားမယ်နော်း).....
Derrick Barry ဟာ America's got talent 2008 မှာ ၀င်ရောက်ပြီး Surprise Performance ပေးနိုင်ခဲ့သူလေးဆိုပါတော့း)




မန်ယူ FC ဟာ မန်ယူပရိတ်သတ်တွေရဲ့ အသည်းကျော် Cristiano Ronaldo (No-7) ကို 11 June 2009 မှာ Real Madrid ကို ပြောင်းရွှေ့ခ ပေါင် ၈၀ သန်း နဲ့ ရောင်းလိုက်ပြီးဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ Ronaldo ဟာ Febuary 5.1985 Portyguee မှာ မွေးဖွားခဲ့ပြီး Youth Player အဖြစ် CD (Nacional Club) မှာ ကစားခဲ့ပါတယ်။ နောက်တော့ Sporting Club (Portugal Club ) ကနေ Manchester United ရဲ့ မန်နေဂျာ ကြီး Sir Alex Ferguson က £12.24 Million နဲ့ 2003 မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ခု 2009 11 June မှာ ပေါင် ၈၀ သန်း အလွတ်ပြောင်းရွှေ့ကြေး ( US $132 million ) နဲ့ Real Madrid က၀ယ်ယူခဲ့လို့ Ronaldo ဟာ The Most Expensive player အဖြစ် ကမ္ဘာ့ ဘောလုံးသမိုင်းကြောင်း မှာ မှတ်တမ်းဝင်သွားခဲ့ပါပြီ။






Ronaldo ဟာ £106 million နဲ့ ၆နှစ်စာချုပ်ကို Real Madrid နဲ့ချုပ်ဆိုပြီး သူ့ရဲ့ salary ကတော့ First Season မှာ £183,000-a-week ရမှာ ဖြစ်ပြီး၊ စာချုပ် စည်းကမ်းအရ သူ့ရဲ့  Performance ပေါ်မူတည်ပြီး Every Season တိုင်းမှာ Salary ရဲ့  25% ကိုဆက်လက်တိုးမြင့် သွားမှာဖြစ်ပါတယ်၊၊

ကဲ……လာမဲ့ ဘောလုံးရာသီမှာ KarKar နဲ့ Ronaldo တို့ကိုလက်ဝယ်ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Real Madrid အသင်းဟာ စပိန်ဘောလုံးလောကရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Current UEFA champion Bercelona နဲ့ ဘယ်လိုယှဉ်ပြိုင်ကြမယ်ဆိုတာကို စောင့်ကြည့်ရမှာမို့ ဘောလုံးချစ်သူများအနေနဲ့ ဘောလုံးလောကရဲ့ သမိုင်းဝင်ဖြစ်စေမဲ့ ပွဲကြီးပွဲကောင်းများကို ရှု့မြင်ခံစားကြရအောင်..........

Ronaldo နဲ့ KarKar တို့ရဲ့  တက်ညီလက်ညီ တိုက်စစ်ဆင်မှု နှင့်အတူ UEFA Champion League ကို (၇)ကြိမ်တို်င်တို်င်ရခဲ့ သော Real Madrid FC ဟာ ယခင် Zinedine Zidane နှင့်Luis Fego တို့ရဲ့  ဘောလုံးရွှေရောင်တခေတ်ကိုပြန်လည်ဆန်းသစ်တော့မည်လားဆိုတာကတော့ ............

Zinedine










Coffee ကိုလူတိုင်းလိုလို ကြိုက်ကြသလို မျောက်မူးလဲလည်း အသေကြိုက်ပါတယ်၊၊မြန်မာပြည်မှာတုန်းကဆို အိမ်မှာအမေနဲ့ Coffee တိုက်ပွဲခဏခဏ ဖြစ်ရပါတယ်၊၊မျောက်မူးလဲကလည်း မျောက်မူးလဲပါ ၁နေ့ကို Coffee 5 ခွက်လောက်ကအသာလေး အမေက ကျန်းမာရေးကြောင့် Normal Rate အတိုင်းသောက်စေချင် အဲဒီတော့ Coffee cup တွေ့တိုင်း အဆူခံရ၊အပြောခံရ နဲ့တကယ့် Coffee တိုက်ပွဲပါဘဲ၊၊အခုတော့လျှော့သောက်ပါတယ်း) မျောက်မူးလဲ Costa Coffee Shop မှာ Part Time လုပ်ခဲ့တုန်းက ဟဲ ဟဲ စ၀င်ဝင်ချင်းတုန်းက‘Do you know how to make a coffee?’ ဆိုပြီးသင်ပေးတဲ့ အလုပ်က Assistant Manager တောင်နောက်ကျတော့ မျောက်မူးလဲ ဖျော်ပေးတဲ့ကော်ဖီမှ သောက်ချင်တယ်ဆိုပြီးပြောပါလေရော …..ပုံမှန်ဆိုမျောက်မူးလဲ စိတ်နဲ့ ‘Where is your hands?’ ဆိုပြီးပြန်ပြောမှာတော့ အသေအချာပဲ,,,, သို့သော် သို့သော်လည်းပေါ့ သူကမျောက်မူးလဲရဲ့ ကျောင်း timetable နဲ့ညီအောင် routerကို ဆွဲပေးထားရတာဆိုတော့ အင်း… ဖျော်ပေးမယ်ပေါ့….ဟီးဟီး ဒါပေမယ့်မျောက်မူးလဲ လေ ဘယ်ရမလည်း ..အေး …နင့်ကိုငါဖျော်ပေးမယ် ….ဒါပေမယ့်ငါတို့မြန်မာတွေမှာတစ်ခုခုကိုတောင်းဆိုချင်ရင်နင်ဘယ်လိုလုပ်ရလည်းသိလားပေါ့……
သူကလည်းအူကြောင်ကြောင်နဲ့မသိဘူးပေါ့…ဘာလုပ်ရလည်းပေါ့…
လက်အုပ်ချီပြီးခိုင်းရင်လည်းငရဲကကြီးအုံးမယ်…အဲ့ဒီအချိန်တုန်းက တရုတ်သိုင်းကားတွေ ကိုရီးယားကားတွေ ကြည့်ထားတဲ့အရှိန်နဲ့ OK! ... လက်သီးလေးဆုပ၊် ပြီးရင် ခါးကိုကိုင်း၊ ပြီးရင် တရုတ်ကား တွေထဲကလို သိုင်းမချခင်အရိုအသေပေးတဲ့ပုံစံကို လုပ်, ပြီးရင် ပါးစပ်က ‘If u don’t mind ,can I have a cup of coffee,pls’ ဆိုပြီးပြော ဆိုတော့ သူခမျာပြောရှာချည်ရဲ့ ..ဟီးဟီး အဲ့ဒီလို ကော်ဖီ အဖျော်ကောင်းတဲ့ မျောက်မူးလဲ…း)Coffee Experience လေးကို Share ပါရစေ။


Coffee Knowledge လေးနဲ့ Coffee Shop ရောက်ရင်ကိုယ်သောက်ချင်တဲ့ Cofee လေးကို Short Time လေးမှာ Order မှာလို့ရတာပေါ့နော်း)

အဲဒါလေးကတော့ ESPRESSO, just only single shot and without milk ,Real Coffee ခါးခါးနဲ့ Strong ကြိုက်တဲ့ Coffee Lover တွေအတွက်း)


ဒါလေးကတော့ MACCHIATO , အဲဒီ ESPRESSO လေးကို frothed milk လေးနဲနဲထည့်လိုက်




ဒါလေးကတော့ AMERICANO , အပေါ်က ESPRESSO ကိုရေနွေးလေးနဲ့ Mix လိုက်ရုံဘဲ



ဟောဒါက CAPPUCCINO,
အပေါ်က ESPRESSO ကို Steamed milk ကိုအရင်ထည့်၊ ပြီးရင် Frothed milk နဲ့ Chocolate Powder လေးဖြူးရုံဘဲ



ဒါလေးက CAFFE LATTE, ESPRESSO
ကို Steamed milk နဲ့ရောလိုက်ရင် ရပါပြီး)


အားလုံးဘဲ Coffee သောက်ပြီးပျော်ရွှင်ပါစေ ....,

Monday(10/June/2009) ကတည်းက London က Newspapers တွေနဲ့ London Underground Station တိုင်းလိုလိုမှာ Tube Strike ရှိတယ်ဆိုပြီး Announcement ထုတ်ထားတာကိုတွေ့ရလို့ တော်တော်လေး စိတ်ညစ်မိပါရော ....ဟုတ်တယ်လေ Professional Worker တွေထဲမှာ Underground Tube Driver ၁ ယောက်ဟာ 1 month ကို စတာလင်ပေါင် 4500 ကျော်ကျော် ရပြီး London က Workerတွေထဲမှာ Underground မှာလုပ်တဲ့ Worker တွေဟာ Salary အများဆုံးရကြတာပါ၊၊ အဲဒါကို Salary တိုးပေးအောင် UnderGround က ၃ရက် အလုပ်မလုပ်ဘူးဆိုတော့ ခရီးသွားရတာတော်တော် ဒုက္ခရောက်ပါတယ်၊၊ London မှာ Under Ground ကိုအားကိုးပြီး ခရီးသွားရတာဆိုတော့ ပိုဆိုးပေါ့..း( မျောက်မူးလဲရဲ့ colleague တယောက်တော့သူအလုပ်ကိုလာတာ ၄နာရီလောက်ကြာလို့
မေတ္တာပို့နေလေရဲ့း)

ခရီးသွားများ Bus Station မှာ ......





ကဲ London မြို့တော်ဝန်က "They are Absolutely Crazy" တဲ့..ဟုတ်ပ၊ဟုတ်ပး)




ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး၊
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်း ကပ်မယ် ပြင်၊
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း၊
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူ ပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။

တွေ့ချင်တဲ့ စေတနာရယ်၊
ငယ်ကျွမ်းဆွေ ၀မ်းဝေတေး ပေမို့
အေးချိုလှတယ်။

လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ပြုံးကြည့်ချင်ငဲ့ တဲ့။

ကြည့်ချင်တဲ့ စေတနာရယ်၊
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်၊
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနှယ် လိုက်လေမလား၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား၊
နေမင်းချိုချိန်တန်ပေါ့
နိဗ္ဗန်ကို စိတ်ကြံကူး၊ ဖူးလျင်လျက်သား တဲ့။

ဖူးချင်တဲ့ စေတနာရယ်၊
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်၊
ကျွတ်ဆုကို ရွယ်၊ လွယ်ပါတော့ အရ၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်း သာပါ့။

ချောင်းရေက ဖောင်၊ တောင်လေက သွေး၊
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင် ဆိုက်အောင်
အားစိုက်ပါလေး။

ဇော်ဂျီ

ဒီနှစ်မှာတော့ British Got Talent 2009 ကို Diversity Dancer Group ကရရှိသွားပါတယ်၊၊ Dancer တွေအများကြီး ပြိုင်တဲ့ကြားကနေ သူတို့ Group ရဲ့ Good Team Work, Different Performance နဲ့ Funny ပါဝင်မု၊ Performance အတွင်းရှေ့ကို ဘာများထပ်လုပ်ပြမလဲ ဆိုတဲ့ Attraction တွေကြောင့်ရရှိသွားတာလို့ ထင်ပါတယ်၊၊
British Got Talent ကို Any act, Any age, Any Talent ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်၊၊
ဆုရခဲ့ရင်တော့ စတာလင်ပေါင် ၁ သိန်း နဲ့ Royal Family ကို Performance လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်၊၊

မျောက်မူးလဲကြိုက်သော 2009 British Got Talent Champion Diversity Dancer Group






Runner Up Susan Boyle

ဆုမရပေမဲ့ Coming Amercian Independence Day July 4th မှာ President Barack Obama ရဲ့ကမ်းလှမ်းချက်ဖြင့် သွားရောက်ဖြေဖျော်မဲ့ Susan Boyle









iPod Suffle သေးသေးလေး

Apple ကiPod shuffle အသစ်ကို မိတ်ဆက်ပေးပါရစေ၊၊ ကမ္ဘာ့အသေးဆုံး သီချင်းဖွင့်တဲ့ စက်ကလေးဖြစ်တဲ့ တတိယမျိုးဆက်သစ်ဖြစ်တဲ့ ဒီ iPod shuffle ကလေးကတော့ အရင် ပုံစံရဲ့ တ၀က်နီးနီးပဲရှိပါတယ်။ အဲဒါလေးကို ထိန်းချုပ်ဖို့အတွက်ကတော့ earphone ကြိုးမှာပါပါတယ်။ အဲဒီပစ္စည်းလေးရဲ အကောင်းဆုံးအချက်ကတော့ သူက နားထောင်သူကို စကားပြောတာပါပဲ။ ဖွင့်တဲ့ သီချင်း နာမည်၊ အဆိုတော်နာမည် နဲ့ ကိုယ်ပြုလုပ်ထားတဲ့ playlist ရဲ့နာမည်ကို ပြောပေးတာပါပဲ။ အဲဒီ iPod Shuffle လေးက 4 GB (internal flash drive) နဲ့လာတာပါ။ External ထပ်ပြီး Memory တိုးလို့မရပါဘူး။ ဒါပေမယ့် 4GB ဟာ သီချင်းအပုဒ်ပေါင်း ၁၀၀၀ ကျော်လောက် ထည့်လို့ရပါတယ်။ အခုအချိန်အထိတော့ ငွေရောင်နဲ့ အနက်ရောင်နဲ့ ရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၆၀ပေါင်ဖြစ်ပါတယ်။လိုချင်ရင်တော့ ကိုဘာသာဝယ်နိုင်ပါတယ်း) မျောက်မူးလဲကို ၀ယ်ပေးလဲ စိတ်မဆိုးပါဘူး ...း))

About this blog

အချိန်ပေးပြီး လာလည်ကြသော သူငယ်ချင်းများ ချမ်းသာကိုယ်စိတ်မြဲကြပါစေ.........