အိပ်မက် မက်တယ်
သူ့ အကြောင်းပေါ့
ဝမ်းနည်း ၀မ်းသာ
ရင်မှာ ခံစား
ပြီးတော့  စိတ်ပူ
သူ ဘာဖြစ်သလဲပေါ့၊၊


ဟိုး အရင်က
နင်ငါ့ကို သိပ်သတိမရနဲ့
ညညဆို မအိပ်ရဲဘူး
နင့်အကြောင်းဘဲ အိပ်မက်မက်လို့ဆိုပြီး
နင် စတုံးက
ရင်မှာမြိုသိပ် ၀မ်းနည်းခဲ့၏
ငါနင့်ကို အိပ်မက် မမက်၍၊၊


ဩော် ကြာခဲ့ပြီကွယ်
မျှော်လင့်တုံးက
မရခဲ့ပေမယ့်
အခုရလည်း နင့်အတွက်စိတ်ပူ
အဝေးရောက် သူငယ်ချင်းတစ်ယောက်....
ကျန်းမာ၊ ချမ်းသာ၊ ဘေးဘရာ ဝေးကွာစေကြောင်း..
ငါဆုတောင်းသည်။


2 comments:

ကဗျာလေးကကောင်းတယ်နော.. ဘယ်သူငယ်ချင်းကိုရေးထားတာလဲ.. ပြောပြပါလား...

ကဗျာလေးကို ကြိုက်သွားပြီး ကိုယ်တိုင်ခံစားချက်လား....

Post a Comment

About this blog

အချိန်ပေးပြီး လာလည်ကြသော သူငယ်ချင်းများ ချမ်းသာကိုယ်စိတ်မြဲကြပါစေ.........