မျောက်မူးလဲတို့အပါအ၀င် ၃၁ ဘုံသားတို့ရဲ့ရုပ၊် နာမ် ခန္ဓာဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်းသေနေတာပါ....(ဒါကြောင့်ကိုယ့် သူငယ်ချင်းတွေက ခင်လို့မသာမ၊ မသာကောင် လို့ပြောရင်စိတ်မဆိုးပါနဲ့၊ အစ ကတည်းက အားလုံးဟာ မသာတွေပဲမို့ လို့ပါ) ဒါကြောင့်မို့လို့ သေချင်းတရား ကိုပွားများချင်းဟာ ...နေ့စဉ်နေတိုင်း ပွားများရမယ့် မရဏာနုဿာတိ တရားလို့ မြတ်စွာဘုရားက အနုဿာတိ တရား(၁၀) ပါးထဲမှာ ဟောကြားခဲ့ပါတယ်။ မျောက်မူးလဲတို့ငယ်ငယ်တုန်းက ကြားနေရတဲ့ ရှေးစာဆိုလိုလို၊ ဘုရားဟောသလိုလိုနဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတ်ယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့စကားကိုလူတော်တော်များများက လက်ခံပြီး ပြောလေ့ရှိပါတယ်.... အမှန်တော့ ဒီစကားကို ဘယ်ဘုရားကမှ ဟောကြားခဲ့တာ မဟုတ်ပါဘူး .....တရားဆိုတာအချိန်တိုင်း ရှာသင့်ပါတယ် ....တရားဆိုတာ အားမှလုပ်ရတဲ့ အလုပ်လဲမဟုတ်ပါဘူး ....လူတွေအကုန်လုံး မအားမလပ်တဲ့ ကြားထဲကပဲ သေသွားရတာပါ...."ကျွန်တော်၊ ကျွန်မ ကတော့အားပြီ၊ သေတော့မယ်"ဆိုပြီး သေသွားတဲ့မသာ တစ်ယောက်မှ မရှိပါဘူး....
မျောက်မူးလဲငယ်ငယ်တုန်းက လူကြီးတွေကစာကျက်ရင်း အိပ်ငိုက်ပြီဆို... ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊တတိယအရွယ်မှာ တရားရှာရတယ်၊ငယ်တုန်းစာလုပ်လေ ဆိုပြီး ခဏခဏ နားထဲမှာ ကြားဖူးတော့.... ဟုတ်သလိုလို ထင်မိပါတယ်.၊၊..ဒါပေမယ့် အသက် ၁ရ နှစ်မှာ မျောက်မူးလဲရဲ့ သူငယ်ချင်းတစ်ယောက် ရေနစ်ရင်းသေသွားပါတယ်....သူက ရုပ်ရည်အားဖြင့်လည်း ချော၊ပိုက်ဆံရှိ၊ ပညာကလည်းတက်ရဲ့သားနဲ့ သေခြင်းတရားက မျက်နှာသာ မပေးခဲ့ပါဘူး ၊၊ ခရီးသွားရင်းမော်တော်မှောက်၊ မော်တော်ပေါ်မှာပါလာတဲ့ လူ ၁၈ ယောက်မှာ ၃နှစ်သားအရွယ် ကလေးတစ်ယောက် နဲ့၇၈ နှစ် အရွယ်အဖိုးကြီး တယောက်ပဲရှင်ခဲ့တယ်.....မျောက်မူးလဲ သူ့အသုဘ သွားတော့ တွေးမိပါတယ် "အော်...ငါလဲအချိန်မရွေး သေသွားနိုင်ပါတယ်" လို့အဲဒီ့အချိန်မှာ သူ့စိတ်ဘယ်ရောက်နေမလဲ.... သေခါနီးမှာ ဘုရား၊ တရား ကို အာရုံမှပြုနိုင်ပါ့မလား. ....ဘယ်ဇောကပ်ပြီး သေသွားတာလဲဆိုပြီးတွေးမိပါတယ် အဲဒီ့ အချိန်ကစပြီး တစ်နေ့သေရမယ်ဆိုတဲ့ အသိကိုစိတ်ထဲသွင်းပြီ၊ ဘယ်အရွယ်ထိ နေရမလဲမပြောနဲ့ မနက်ဖြန်ဆိုတာတောင် ငါ့အတွက် သေချာရဲ့ လားဆိုတဲ့အသိနဲ့...တရားဆိုတာကို စတင်ပြီး စိတ်ဝင်စားမိတဲ့အတွက် မိဘ တွေကိုမေး၊ ဘာသာရေးစာအုပ်တွေ ဖတ်၊ တရားပွဲ သွားတဲ့ အကျင့် ကောင်းတွေ ရလာပါတယ်၊၊အရွယ်(၃) ပါးလုံးမှာ တရားရှာသင့်ကြောင်းကို ဆရာတော် အရှင်ဆန္ဒာဓိက ၊ ဆရာတော် အရှင်အာစာရာလင်္ကာရ နဲ့ ဆရာတော် အရှင်ဇနကာဘီဝံသ စတဲ့ ဆရာတော်ကြီးများရေးထားတဲ့ စာအုပ်တွေမှာ ဖတ်နိုင်ပါတယ်၊၊
ပြီးခဲ့တဲ့ ဇွန်(၂၁) ရက်နေ့က လန်ဒန်မှာ ရွှေမင်းဝံဆရာတော်ကြီးရဲ့ တရားပွဲကို မျောက်မူးလဲ သွားရောက်နာယူ ခဲ့ပါတယ်.... အဲဒီမှာဆရာတော်ရဲ့တရားဟောထဲက ပါတာလေးတစ်ခုကို တင်ပြပေးလိုပါတယ် ရန်ကုန် မဟာစည်သာသနာ့ ရိပ်သာမှာ “ဟိတေသီ’’ သာသနာ့ အကျိုးတော်ဆောင် အဖွဲ့အစည်း တစ်ခုရှိပါတယ်.... ဆရာတော်က အဲဒီအဖွဲမှာ အမျိုးသမီးယောဂီတွေကို တရားစစ်တာဝန် ယူနေရတော့ အမျိုးသမီးတစ်ယောက်က အစပိုင်း ၃ ပတ်လောက် မှာ တရားထိုင်နေရင်း မျက်ရည်တွေ ကျကျနေတာကို သတိထားမိပါတယ်....နောက်ကျတော့ တရားမှတ်တာ၊ စင်္ကြန်လျှောက်တာက အစ အဲဒီအမျိုးသမီးဟာ တော်တော်ကို အမှတ်ကောင်း လာတာကိုတွေ့ရတော့ ဆရာတော်ကြီးက " အော်...သူတရားမှတ်လို့ ရသွားပြီ" ဆိုပြီးဒီလိုပဲနေလိုက်ပါတယ်၊၊နောက်ဆုံးမှာ အဲဒီအမျိုးသမီးဟာ မဟာစည်တရားရိပ်သာရဲ့ ဥာဏ်စဉ်တရားကို နာခွင့်ရခဲ့ပါတယ်၊၊ နောက်ယောဂီတွေပြန်ဖို့ လာနှုတ်ဆက်တော့ အဲဒီ့အမျိုးသမီးကိုတွေ့တော့ ဆရာတော်က မေးပါတယ် "ဘာလို့မျက်ရည်တွေ ကျနေတာလဲ" ၊ဘာတွေမြင်လို့လဲ ဆိုတော့ အမျိုးသမီး ကဖြေပါတယ်..." တပည့်တော် အကြွေးလာဆပ်တာ ပါ ဘုရား" ဆိုပြီး သူ့ရဲ့အဖြစ်ကိုရှင်းပြပါတော့တယ်....
၁၀ တန်း ဖြေပြီးထားတဲ့အချိန်လေးမှာ တရားအားထုတ်ချင်လို့ ဆိုပြီး ကောင်မလေးတစ်ယောက်က မိဘ တွေဆီမှာ ခွင့်တောင်းပါတယ်.....၁၀ တန်းအောင်စာရင်းမထွက်သေးတဲ့ အချိန်လေးမှာ တရားစခန်း ၀င်ချင်လို့ပါ၊ သူငယ်ချင်းတွေ နဲ့လည်း တိုင်ပင်ပြီးပါပြီပေါ့၊မိဘတွေကလဲ ခွင့်မပြုပါဘူး ဒီအရွယ်ဟာ တရားစခန်းဝင်ရမယ့် အရွယ်မဟုတ်ဘူးဆိုပြီ ခွင့်မပြုပါဘူး......ကောင်မလေးကလည်း အဲဒါကိုပဲ နေ့တိုင်းတောင်းဆိုနေတော့လည်း စိတ်ပြောင်းအောင်ဆိုပြီး ... ခရီးသွားကြမယ်ဆိုပြီး မိသားစုလိုက် ခရီးသွားကြဖို့လုပ်ကြရော....ကောင်မလေးက ခရီးကပြန်လာပြီးလည်း "အမေ...သူငယ်ချင်း တွေလဲရှိသေးတယ် သမီး အောင်စာရင်း မထွက်ခင်လေး ၀င်ပါရစေ"ဆိုပြီး ထပ်တောင်းဆို ပါတယ်.... မိဘတွေကလဲ ခွင့်မပြုပါဘူး...
သူ့သမီးလေးဟာ ဒီအတိုင်းပဲနေ့တိုင်းတောင်းဆိုနေတော့ အောင်စာရင်းထွက်ပြီးရင်ခွင့်ပြုမယ်ဆိုပြီး ရိပ်သာမှာ စာရင်းသွားပေးခဲ့ပါတယ်၊၊ တစ်နေ့တော့" အမေ...ရိပ်သာက သူငယ်ချင်းတွေ ဒီနေ့ညနေယောဂီထွက်မယ်...သမီးသွားပြီး ကြည့်ချင်တယ်" လို့ပြောတော့ မနက်ဖြန်ဆိုရင်လည်း ၁၀ တန်းအောင်စာရင်းကထွက်တော့ မယ်ဆိုတော့ အမေက " ကဲ..ဒီတစ်ခါတော့ သွားချင်လည်းသွား " ဆိုပြီးခွင့် ပြုလိုက်ပါတယ်....အဲဒီမှာပဲ ကောင်မလေးက ညနေရောက်တော့ ဖီးလိမ်းပြင်ဆင်ပြီး အိမ်ကအထွက် bus ကားပေါ်ကနေ အဆင်း ၊ လမ်းဖြတ်အကူးမှာ ဟိုဘက်က အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီးသေခဲ့ပါတယ်....အဲဒီတော့မှ မိဘတွေဟာ ယူကြုံးမရဖြစ်ပြီး ငါတို့သမီးကို ငါတို့သတ်မိပြီ....တကယ်လို့ သူလုပ်ချင်တာလေးကိုသာ ပေးလုပ်လိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီး နောင်တကြီးစွာ ရကြပါတယ်....နောက်နေ့ အောင်စာရင်းထွက်တော့ သူတို့သမီးလေးဟာ ၃ ဘာသာဂုဏ်ထူးနဲ့အောင်ပါရော....အဲဒီတော့ အမေက ငါ့ သမီးတင်ထားတဲ့ အကြွေးကိုငါ ဆပ်မယ်ဆိုပြီး...သမီးအတွက်ပေးထားတဲ့ စာရင်းထဲမှာ သူ့သမီးအတွက် ယောဂီဝင်ပြီး တရားအားထုတ်တာပါ . ဘုရား " ဆိုပြီး ဆရာတော်ကိုရှင်းပြလို့ မျောက်မူးလဲ တို့သိခဲ့ရတာပါ၊၊ အဲဒီမှာ ဆရာတော်က အရွယ်သုံးပါး လုံးမှာ တရားရှာသင့် ကြောင်း၊ တရားအရိပ်ထက် အေးမြတဲ့ အရိပ်ဆိုတာ မရှိဘူးဆိုပြီး တရားဒါန ပေးလှူခဲ့ပါတယ်၊၊

မျောက်မူးလဲ တို့ဟာ chatting တက်ဖို့ ၊ သီချင်းတွေနားထောင်ဖို့ ကို အချိန် ၁နာရီကျော်ကျော်၊၂ နာရီကျော်ကျော် ပေးချင်ပေးကြမယ်၊ ကိုယ့်ရဲ့ နောက်ဘ၀အတွက်ပါမဲ့ တရားအလုပ် ကိုလုပ်ဖို့ ကျတော့ အချိန်မပေးချင်ကြပါဘူး၊၊ တရား ဆိုတာဟာ တောထဲ သွားပြီး တရား အားထုတ်မှ တရားရတာ မဟုတ်ပါဘူး...နေ့တိုင်းအိမ်မှာတင် အိမ်သုံးတရားကိုကျင့် လို့ရပါတယ်၊ ဘုရားကိုဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီမီး ကပ်တာ....အဖေ၊ အမေ ကို ၀တ်ကြီး ၀တ်ငယ်ပြုစုတာ အဲဒါတွေက ဒါန ကုသိုလ် ရစေပါတယ်၊ကိုယ့်ရဲ့ ငါးပါးသီလကို အတက်နိုင်ဆုံး ထိန်းသိမ်းတာကလဲ သီလကုသိုလ်ပါ၊ ၁၀ မိနစ်လောက် ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ် (meditation)လုပ်နိုင် တာကလဲ ဘာဝနာဆိုတဲ့ ကုသိုလ်ကိုရစေတဲ့ တရားတွေပါပဲ.......
ဘယ်အရာပဲဖြစ်ဖြစ်...တည်မြဲမနေပါဘူး... ကောင်းတာပြီးရင် ဆိုးတာ လာမယ်...ဆိုးတာ ပြီးရင် ကောင်းတာ လာနိုင်ပါတယ်....ဖြစ်ပြီးရင်ပျက် ဆိုတဲ့...တရားအရ တနေ့ကျရင် မျောက်မူးလဲတို့ အပါအ၀င် လူတွေဟာ ဒီလမ်းအတိုင်း သွားကြရမှာပါပဲ.....အဲဒီတော့ သေဖို့ အတွက်ဘာလုပ်ပြီးပြီလဲ.....သေဖို့အတွက်ရော အဆင်သင့်ဖြစ်ပြီလား ဆိုပြီး ၅ မိနစ်လောက် ဆင်ခြင်ကြည့်လိုက်ပါ၊၊ သေခြင်းတရားကို ဆင်ခြင်မှုဟာ ဘ၀မှာလိုအင်ဆန္ဒတွေမများဖို့ကိုလဲအထောက်အကူဖြစ်စေပါတယ် လိုအင်တွေများလေလေ အဲဒါတွေကို အကောင်အထည် ဖော်နေရလို့.... လောဘအပူတွေနဲ့ ပင်ပန်းလှပါတယ်.... တစ်နေ့ သေရမှာပဲ... ဒါတွေဟာ ငါသေသွားတော့ရော.. ငါ့နောက်ကိုပါမှာလား ဆိုပြီးဆင်ခြင်မိတဲ့ လူဟာ ငါနောက်ကို ဘယ်အရာကပါလာ မှာလဲဆိုတာ ကိုလဲဆက်လက်ပြီးဆင်ခြင်မိမှာပါပဲ.....
တကယ်တော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုကို ကိုယ်တာဝန်ယူရမယ် ဆိုတဲ့စိတ်တခုတည်းနဲ့ဒီ Post ကို တင်လိုက်တာ မဟုတ်ပါဘူး။ သိလွန်းလို့ တတ်လွန်းလို့လဲမဟုတ်ပါဘူး၊၊ မျောက်မူးလဲတို့ဟာ တစ်နေ့ကြရင် သေကြရမှာပါ။ သေသွားခဲ့ရင် ကိုယ်နောက်ကိုယူသွားနိုင်တာက ကိုယ်လုပ်ထားတဲ့ ကောင်းမှုနဲ့ မကောင်းမှုပါပဲ။ ဘယ်အချိန် သေမလဲမသိတဲ့ ဟောဒီ လောကကြီးထဲမှာ မျောက်မူးလဲတို့ တတွေအချိန်ရှိခိုက်လုံ့လစိုက်ပြီး ကောင်းမှုတစ်ခု နေ့တိုင်းပြုနိုင်ရင် ဒီဘ၀အတွက်ပါမဟုတ်ဘူး သံသရာ တလျှောက် အကျိုးရှိသွားမှာပါ။

အဲဒီ ကလေးလေးဟာတကယ်လို့သာ တရားရိပ်သာဝင်ခွင့် ရခဲ့မယ်ဆိုရင် ကံတရား အလှည့်အပြောင်း အရကျလာမယ့် သေခြင်းဆိုးဘေးကြီးကနေလွတ်မြောက်နိုင်ပါတယ်။ (ကောင်းသောသေခြင်းမဟုတ်လို့ သေခြင်းဆိုးလို့ခေါ်တာ ပါ) ၊၊ အခုတော့ မြင့်မြတ်လှတဲ့နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရပဲနဲ့ ကလေးဘ၀မှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ဒါ့ကြောင့် ပထမအရွယ်မှာ တင် တရားရှာခြင်း အလုပ် ကို လုပ်သင့်ပါတယ်။ လူတစ်ယောက်မှာ တရားနဲ့ပတ်သတ် တဲ့ ဥာဏ်ပါရမီဘယ်လောက်ပါတယ်ဆိုတာ ဘုရားမှတပါး ဘယ်သူမှမသိနိုင်ကြပါဘူး။ တကယ်လို့ ကိုယ့်မှာ ဒီလို ပါရမီဥာဏ်ထူးပါခဲ့ရင် ဒီဘ၀မှာ အားထုတ်မှဒီအကျိုးကို ခံစားရမှာပါ။ တကယ်လို့ မပါခဲ့ရင်လည်း ဒါဟာ သံသရာ အတွက်မျိုးစေ့ တစ်ခုဖြစ်သွားမှာပါ။ ကိုယ့်အတွက်ဘာမှ ဆုံးရှုံးမှုမရှိနိုင်ပါဘူး။ ဒီအားထုတ်ခွင့်လက်လွှတ်ဆုံးရှုံးမှ သာကိုရမယ့် တရားအရသာသိခြင်းဆိုတဲ့ အခွင့်အရေးကြီး တစ်ခုကိုဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အရွယ်တိုင်းမှာ တရား ရှာရမယ်ဆိုတဲ့စကားနဲ့ ပတ်သတ်လို့ ဘုရားဟောကြားခဲ့တဲ့တရားတွေအများကြီး ရှိတာလူတိုင်းလည်းဖတ်ဖူး သိဖူး မှာပါ။ ဒါလေးကတော့မျောက်မူးလဲသိဖူးတဲ့ကိုယ်တွေ့ အဖြစ်ရပ်လေးကို ဓမ္မဒါန အနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။

မျောက်မူးလဲ တို့ဟာ chatting တက်ဖို့ ၊ သီချင်းတွေနားထောင်ဖို့ ကို အချိန် ၁နာရီကျော်ကျော်၊၂ နာရီကျော်ကျော် ပေးချင်ပေးကြမယ်၊ ကိုယ့်ရဲ့ နောက်ဘ၀အတွက်ပါမဲ့ တရားအလုပ် ကိုလုပ်ဖို့ ကျတော့ အချိန်မပေးချင်ကြပါဘူး၊၊ တရား ဆိုတာဟာ တောထဲ သွားပြီး တရား အားထုတ်မှ တရားရတာ မဟုတ်ပါဘူး...နေ့တိုင်းအိမ်မှာတင် အိမ်သုံးတရားကိုကျင့် လို့ရပါတယ်၊ ဘုရားကိုဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီမီး ကပ်တာ....အဖေ၊ အမေ ကို ၀တ်ကြီး ၀တ်ငယ်ပြုစုတာ အဲဒါတွေက ဒါန ကုသိုလ် ရစေပါတယ်၊ကိုယ့်ရဲ့ ငါးပါးသီလကို အတက်နိုင်ဆုံး ထိန်းသိမ်းတာကလဲ သီလကုသိုလ်ပါ၊ ၁၀ မိနစ်လောက် ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ် (meditation)လုပ်နိုင် တာကလဲ ဘာဝနာဆိုတဲ့ ကုသိုလ်ကိုရစေတဲ့ တရားတွေပါပဲ.......
ဘယ်အရာပဲဖြစ်ဖြစ်...တည်မြဲမနေပါဘူး... ကောင်းတာပြီးရင် ဆိုးတာ လာမယ်...ဆိုးတာ ပြီးရင် ကောင်းတာ လာနိုင်ပါတယ်....ဖြစ်ပြီးရင်ပျက် ဆိုတဲ့...တရားအရ တနေ့ကျရင် မျောက်မူးလဲတို့ အပါအ၀င် လူတွေဟာ ဒီလမ်းအတိုင်း သွားကြရမှာပါပဲ.....အဲဒီတော့ သေဖို့ အတွက်ဘာလုပ်ပြီးပြီလဲ.....သေဖို့အတွက်ရော အဆင်သင့်ဖြစ်ပြီလား ဆိုပြီး ၅ မိနစ်လောက် ဆင်ခြင်ကြည့်လိုက်ပါ၊၊ သေခြင်းတရားကို ဆင်ခြင်မှုဟာ ဘ၀မှာလိုအင်ဆန္ဒတွေမများဖို့ကိုလဲအထောက်အကူဖြစ်စေပါတယ် လိုအင်တွေများလေလေ အဲဒါတွေကို အကောင်အထည် ဖော်နေရလို့.... လောဘအပူတွေနဲ့ ပင်ပန်းလှပါတယ်.... တစ်နေ့ သေရမှာပဲ... ဒါတွေဟာ ငါသေသွားတော့ရော.. ငါ့နောက်ကိုပါမှာလား ဆိုပြီးဆင်ခြင်မိတဲ့ လူဟာ ငါနောက်ကို ဘယ်အရာကပါလာ မှာလဲဆိုတာ ကိုလဲဆက်လက်ပြီးဆင်ခြင်မိမှာပါပဲ.....
တကယ်တော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုကို ကိုယ်တာဝန်ယူရမယ် ဆိုတဲ့စိတ်တခုတည်းနဲ့ဒီ Post ကို တင်လိုက်တာ မဟုတ်ပါဘူး။ သိလွန်းလို့ တတ်လွန်းလို့လဲမဟုတ်ပါဘူး၊၊ မျောက်မူးလဲတို့ဟာ တစ်နေ့ကြရင် သေကြရမှာပါ။ သေသွားခဲ့ရင် ကိုယ်နောက်ကိုယူသွားနိုင်တာက ကိုယ်လုပ်ထားတဲ့ ကောင်းမှုနဲ့ မကောင်းမှုပါပဲ။ ဘယ်အချိန် သေမလဲမသိတဲ့ ဟောဒီ လောကကြီးထဲမှာ မျောက်မူးလဲတို့ တတွေအချိန်ရှိခိုက်လုံ့လစိုက်ပြီး ကောင်းမှုတစ်ခု နေ့တိုင်းပြုနိုင်ရင် ဒီဘ၀အတွက်ပါမဟုတ်ဘူး သံသရာ တလျှောက် အကျိုးရှိသွားမှာပါ။

4 comments:
ဒီပို့ (စ်)လေးမှာတွေး ခေါ်ထားတာတွေအရမ်းကောင်းပါတယ်ဗျာ။
ကိုယ်တွေ့ လေးတွေပါထည့်ထားတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပေါ့။
အရွယ်သုံ့းပါးစလုံးမှာ ရသလောက်အချိန်လေးတွေမှာ တရားဘာဝနာကို
အားထုတ်ဖို့  ကို "အချိန်ရှိက လုံ့ လစိုက် " လို့  သုံးထားတာလေးက အရမ်းထိမိပါတယ်။
ဒီပို့ (စ်)လေးကိုဖတ်တဲ့ သူတွေအနေနဲ့  တော်တော်လေကိုအကျိုးများမှာပဲ။
ရေးတဲ့ သူအနေနဲ့ လဲ ကုသိုလ်တွေ အများကြီးရမှာပါ။ ဆက်လက်ပြီးတောလဲ
ဒီလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပို့ (စ်)လေးတွေကို အခြေနေပေးရင်ရေးပေးစေချင်ပါတယ်။
Sorry, i know only how to type Burglish.
Can you explain what Barwanar Merit is? As far as I know meditation is for you concentration of mind, something you should do for your concentration but not expecting merit.
Thanks,
Someone who like to learn Buddhism
Anonymous သို့
တရားထိုင်ခြင်းက concentration of mind or သမာဓိပဲလုပ်တာ၊ ကုသိုလ်မဟုတ်ဘူးဆိုရင်၊ ငါမျှားနေတဲ့လူရဲ့သမာဓိ၊ ဖဲရိုက်တဲ့သူရဲ့သမာဓိ၊
ဂိမ်းကစားနေတဲ့ သူရဲ့သမာဓိ၊ဘုရားစာကျက်နေတဲ့သူရဲ့သမာဓိ နဲ့ဘာကွာမယ်လို့ထင်ပါသလဲ။ အဲဒါလေးကို ပြန်ပြီးတွေးစေချင်ပါတယ်ရှင်၊သူတို့လဲ concentraion of mind လုပ်နေတာဘဲမဟုတ်ဘူးလားရှင်၊၊ တရားထိုင်ခြင်းက လူတယောက်မှာဖြစ်လာတဲ့ ကိလေသာ ကို သတ်နိုင်တဲ့အတွက် ဘာဝနာကုသိုလ်တင် မဟုတ်ပဲ နိဗ္ဗာန်ကိုေ၇ာက်စေနိုင်တဲ့လမ်းဆိုတာ အချိန်ရရင် ပို့စ်တစ်ပုဒ်တင်ပေးပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်
Thank myautmulal,
Thats what i am trying to say. What I understand is concentration can kill ur desires (which can brings greed, anger etc) and as soon as you don't have those feelings overwhelming u, u r unlikely to commit sins). My point is,it doesn't mean that as soon as u do meditation u will get Kuthol there are stages I believe.
Post a Comment