ပထမဆုံး GCC သွားတက်မယ့်နေ့က ရင်ခုန်ပြီး လည်းအစောကြီး မနိုးပါဘူး။ ကျွှန်မ ထုံးစံ အတိုင်း အခန်းထဲ အောင်းပြီးနေနေတာ ၃ရက် လောက်ရှိတော့ ညီမက ကြည့်မရဘူးထင်ပါတယ်။ ဘယ်သူမှလဲ စကားမပြောပဲ အခန်းထဲမှာပဲ ပါလာတဲ့ စာအုပ်တွေ ဖတ်လိုက် ၊မုန့်တွေစားလိုက်နဲ့ ဆိုတော့ သူ့အမကို ကျောင်းမသွားဘူးလား ၊ ဒီတိုင်းပဲ နေတော့မှာလား ဆိုပြီးမေးချင် နေပါလိမ့်မယ်။ ကျွှန်မကလည်း စကားပြောချင် စိတ်မရှိဘူး ဆို ၁ ပါတ် လောက်ကို စကားကို ဘယ်သူနဲ့ မှ မပြောပဲ နေတတ်သလို၊ ပြောပြီဟေ့ ဆိုလဲ စက်သေနတ် ပစ်သလိုမရပ်တော့ဘူး။ :) အဲဒီလို နဲ့ အမ မနက်ကို ဆရာမကြီးက ကောလိပ်ကို လာခဲ့ပါတဲ့ဆိုပြီး လာပြောပါလေရော. ... အင်း မသွားလို့တော့ မရတော့ဘူး အာဏာစက်နဲ့ ခေါ်နေပြီဆိုတော့ အေး မနက်ဖြန်ကို တူတူ သွားမယ်လေဆိုပြီးပြောတော့ ညီမ မျက်နှာကြီးက ပြုံးသွားတာ လမင်းကြီးအတိုင်းပဲ.. ကျွှန်မကြည့်မရလို့ သူပဲသွားပြီးဆရာမ ကြီးကိုသွားပြော ထားလားမှမသိတာ။ :)
၁၀မိနစ် လောက်ဆိုင်ကယ်စီးရင် ရောက်တဲ့ GCC ဟာ လမ်းလျှောက်တဲ့လူတွေအတွက်တော့ တော်တော်ပြိုင်းမှာပါ ၊၊ လမ်းတလျှောက် ဘာ သစ်ပင်မှလည်းမရှိပါဘူး။ လေးဖြူရဲ့ လျှောက်စမ်း ကန္တာရရဲ့ခရီး သည် သီချင်းကိုဆိုပြီး လမ်းလျှောက်ရင်း အမတန် ပနံသင့်ပါတယ်။ အဲဒါနဲ့ကျွှန်မဆိုင် ကယ်ကို ကွင်းပြင်ကျယ်ကြီးထဲမှာ တိုက်ပု ၅လုံးတန်းစီပြီးဆောက်ထားတဲ့အစွန်ဆုံး တိုက်လေးရှေ့မှာ ညီမက ရပ်ဆိုတော့ အဲဒါငါတက်ရမဲ့ အခန်းလားဆိုတော့မဟုတ်ဘူး။ အရင်ဆုံးဆရာမကြီး ဆီကို သွားရမှာ။ ပြီးရင်ဟိုဘက်တိုက်က အမတက်ရမယ့်အခန်းတဲ့။ 1st year ဆို 1 ခန်း။2nd year ဆို 1ခန်း၊ 3rd year က 1 ခန်း နဲ့ hons 1 ခန်းခွဲ ထားတာဆိုပြီး ရှင်းပြပါတယ်။ အဲဒီလိုနဲ့ဆရာမကြီးဆီကိုသွား ၊ဆုံးမ တာကိုနားထောင် ပြီးတော့ကိုယ်တတ် ရ မည့်အခန်းဘက်ကို ကဲငါသွားတော့ မယ်ဆို တော့ ညီမက လိုက်ပို့ပေးရမလားလို့မေးရှာပါ တယ်။ သူ မိတ်ဆက်ပေးမယ်ပေါ့။ အခန်းထဲ က လူတွေနဲ့ မျောက်မူးလဲစိတ်ဓါတ်က အဲဒီလို သူတစ်ပါးအားကိုနေရတဲ့ သူငယ်ချင်းဆိုတာကို မလိုချင်ပါဘူး။ ကံတရားအရ ခင်လာတဲ့သူငယ်ချင်းကိုပဲလိုချင်တာလေ။ နေနေ ရတယ် ၊ ငါဘာသာ သွားမယ် ဆိုပြီး ကိုယ်ဘာသာ ကိုဆိုင်ကယ်ကိုပြန်လှည့်မောင်းခဲ့ပါတယ်။ အခန်းရှေ့ဆိုင်ကယ်ရပ်ပြီး ဆင်းတော့ အချို့ကလဲ တီးတိုးတီးတိုးပေါ့။ ကျွှန်မပုံစံက ကျောင်းသားတော်တော်များများ ဒီဇိုင်းမျိုးစုံလွယ်အိတ်တွေ လွယ်နေတဲ့ခေတ် ကြီး ထဲမှာ ၁၀တန်းကတည်းက ကျွှန်မသုံး ခဲ့တဲ့ ကချင်လွယ်အိပ်ကိုယောက်ကျာင်္း တွေလိုထုံးပြီးလွယ်၊ ဖိနပ်က ယောက်ကျာင်္းလေး တွေစီးတဲ့ အောကတ္တီပါနဲ့။ ပုံစံက ကျောင်း သားသစ်နဲ့မတူအောင်မျက်ပေးက စောင့်ကြွားကြွားနဲ့ကိုး...ထိုင်တော့လည်း မိန်းကလေးတွေ ထိုင်တဲ့အခြမ်းမှာ မထိုင်ပဲ ယောကျာင်္းလေးတွေ ထိုင်တဲ့နောက်ဆုံး အတန်းမှာ တစ်ယောက်တည်း သွားထိုင်နေတာတော့၊ ဟ ဘာလဲ Fighter လား ဆိုတဲ့ မျက်နှာပေးနဲ့ နောက်ဆုံး တန်းက ကောင်လေး တွေပေစောင်းစောင်းနဲ့ ကြည့်လေရဲ့
အတန်းကို မနက် ၂ ချိန်တက် နေ့လည်ဆို ပြန်မသွားပဲ အဆောင်မှာနှပ်၊ ပြီးရင်ညနေ ၂ ချိန် သွားတက်၊ မနက်ကို အဆောင်မှာနှပ်နဲ့ ၁ပါတ်လောက်ကြာတော့ နေသားကျ လာပါ ပြီ ၊၊အခန်းထဲက လူတွေနဲ့လည်းပြုံးပြ ဘာညာ တော့ရှိပါတယ်။ ဒီလိုနဲ့နေလာတာ တစ်နေ့ကျတော့အမ ဆိုင်ကယ် ခဏ လောက် ငှားပါလားဆိုပြီး ကောင်မလေး တစ် ယောက် ကျွှန်မကိုလာပြောတော့ ကျွှန်မ လည်း ယူသွားလေညီမ အမထမင်းစားပြန်တဲ့အချိန်တော့မှီအောင် ပြန်လာခဲ့နော် ဆိုတော့ အဲဒီ့ကောင်မလေးက ဟုတ်ကဲ့အမတဲ့။ သမီး တောင်ငူတိုင်းထဲ သွား စရာ ရှိလို့ပါတဲ့ ၊၊ကျွှန်မလည်း အင်း ဆိုပြီး သော့ ထိုးပေးလိုက်တာပေါ့။ အဲဒါနဲ့ အဲကောင်မလေး ဆိုင်ကယ်ယူသွားတာ နေ့ လည်ထမင်းစားခါနီးကြတော့ ပြန်လာပါတယ်။ အမတဲ့ သမီးတောင်ငူ သွားရအုံးမှာ မို့လို့ပါ အမဆိုင်ကယ်သမီး ထပ်ယူသွားမယ်နော် သမီးသူငယ်ချင်းတွေပါလာလို့ အမ အဆောင်ကို ဆိုက်ကားငှားပြီးပြန်လိုက် ရော့ ၂၀၀ ဆိုပြီး ကျွှန်မကိုပိုက်ဆံ ၂၀၀ ချ ပေးပြီးသူက ကျွှန်မ ဆိုင်ကယ်ကို ခပ်တည် တည်နဲ့ယူသွားပါရော။
အတန်းထဲက လူတွေလည်း ၀ိုင်းကြည့်နေလေရဲ့။ ကျွှန်မ လည်း ဒီလိုလူမျိုး တစ်ခါမှမမြင်ဖူးဘူး အမှန်ဆို ကျွှန် မ ရဲ့ အေး ယူသွားလေ ဆိုတဲ့စကားကို စောင့်ရ မှာပေါ့ ရှင်၊ပြီးတော့ကျွှန်မကို အဆောင် လေးတော့ လိုက်ပို့ပေးသင့်တာပေါ့။ အခုတော့သူကကျွှန်မအတွက်စီစဉ်ပေးသွားတဲ့ ပိုက်ဆံ၂၀၀ကိုပဲကျွှန်မကသူ့ကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ ကျွှန်မ လည်း ဒေါသကထွက်၊ စိတ်လည်းပေါက်တာနဲ့ အဲဒီ့၂၀၀ ကိုကျွှန်မရှေ့ ကကောင်လေးတွေ ကိုပေးပြီး ဟဲ့ ပြောလိုက် အဲကောင်မလေးကို အဲဒီ့ ၂၀၀ကို ငါ့ကိုမပေးနဲ့၊ ငါ့ စေတနာ ၂၀၀ တန် ဖြစ်သွားမှာဆိုးလို့ လို့ ပြောလိုက်ဆိုပြီးကျွှန်မ ၀ုန်းခနဲ အခန်းထဲကနေထွက် ၊ အတန်းဆင်းချိန် မ ဟုတ်ရင် ဆိုက်ကားသမားလည်းနေပူထဲဘယ်ရှိမလဲ၊၊ဒေါသထွက်ရင် ကျမနေလို့ မရတော့ဘူး၊ အဆောင်ပြန်မှ ဖြစ်မယ် ဆိုပြီး ကျွှန်မ နေခင်းကြောင်ကြောင် ကွင်းပြင်မှာ လမ်း လျှောက်လာလိုက်တာ လမ်းတစ်ဝက် ရောက်တော့တော်တော်မောနေပါပြီ ၊မောရာ ကနေ မူးလာရော အဲဒါနဲ့လဲတော့မယ်ဆိုတာ ကျွှန်မကိုယ် ကျွှန်မသိတော့ ခပ်လှမ်းလှမ်း မှာ အိမ် ဆိုင်လို ဆိုင်အရှေ့လေးတစ်ခု တွေ့တော့အတော်ပဲဝင်နားလို့ရပြီ ၊၊ အဲဒီ့ကို တော့ ရအောင် လျှောက်မယ် ဆိုပြီး အဲဒီ့ဆိုင်ထဲကို အားတင်းပြီးလမ်းလျှောက်တာ ဆိုင်ထဲလဲ ရောက်တော့ အဖွားကြီးတစ်ယောက်တွေ့ တော့ အဖွားသမီးမောလာလို့ လမ်းမ လျှောက်နိုင်တော့လို့နားပါရစေဆိုပြီး တွေ့တဲ့ကုလားထိုင်ပေါ်မှာ ပစ်ထိုင်လိုက်တော့ လူက မျက်စေ့လည်း မဖွင့်နိုင်တော့ဘူး။ နားထဲမှာ တော့အသံ တွေကြားနေရလေရဲ့။ ဟဲ့ အထဲကလာကြဦး ၊ ဖိနပ်ချွှတ်ပါ ဟဲ့။ လွယ်အိပ် ချွှတ်ပေးလိုက်အုံးနဲ့ အသံတွေ ကြားတစ်ချက်မကြားတစ်ချက်ပဲ။
မျက်လုံးတွေကိုအားယူပြီးဖွင့်ကြည့်လိုက် တော့ ကျွှန်မလန့် သွားတယ်၊ ကျွှန်မပတ်ပတ် လည်မှာ ယောက်ကျာင်္းတွေ ၅ ယောက်လောက် ၀ိုင်းပြီးယက်ခတ်ပေးတဲ့သူနဲ့ သတိရပြီဟေ့ ရေယူလာပါအုံး ရော့ရော့ရေသောက်လိုက် အမ သတိရ လာပြီလား အမသတိလစ်နေတာ ၁၅မိနစ် လောက်ရှိပြီ တော်သေးတယ် အဆောင်ထဲ အထိ အမ၀င်လာလို့ မဟုတ်ရင်ဒီအဆောင်ကျော်သွားမှလဲရင် ကျွှန်တော်တို့လည်း သိမှာ မဟုတ်ဘူး။ ကျောင်းပြေးပြီးတော့ ဖဲရိုက်နေကြတာ အမရဲ့၊၊ အော် သဘော ပေါက်သွားပြီ ၊ ဒါဆို ကျွှန်မယောက်ကျာင်္းလေး အဆောင်ကိုရောက်နေတာပေါ့၊ အိမ် ထဲမှာ အဖွား ကြီးရယ်၊ ကျွှန်မရယ် ဘဲ မိန်းမရှိတယ် ကျန် တာ ယောက်ကျာင်္းတွေချည်းပဲ ၊ အဖွား ကသမီးရယ် နေမကောင်း ဘူးလား။ မျက်လုံး တွေကလည်း ရဲနေတာပဲ ဆိုတော့ ကောင်းလေးတစ်ယောက်ကအမကကျောင်း သားသစ် အဖွားရဲ့ ၊ မသီရိ အမ သားတို့ ပြီးရင် အဆောင်ထဲကို လိုက်ပို့ပေးလိုက်မယ် အမနား အုံး။ ဘာမှအားမနာနဲ့ အမကို သားတို့သိတယ်၊ အမ လို့တဲ့ အကူညီရှိရင်ပြော စာကလွဲလို့ အကုန် ကူညီမယ် ၊ တောင်ငူ GCC မှာသူတို့ အဖွဲ့ ကိုဘယ်သူမှလှန်မကြည့်ရဲဘူးသိလားဆိုပြီး ကောင်လေးတစ်ယောက်က ပြောတော့၊ ကျွှန်မလည်း သား လှန်ပြီးကြည့်ရင်အကုန်လုံး ဒုက္ခရောက် ကုန်မှာပေါ့သားရ.၊ဆိုပြီးနောက်တော့ အကုန်လုံးဝိုင်း ရယ်ကြပါတယ် ၊၊
ဟေ့ ကောင်တွေဟိုမှာ ၀တုတ်တို့ မဟုတ်လား ဆိုတော့ကျွှန်မကြည့် တော့အခန်းထဲက မြင်ဖူးနေတဲ့ကောင်မလေး ၅ ယောက် စက်ဘီးလေး တွေကိုယ်စီနဲ့၊ ဟဲ့ ဘာ ဖြစ်တာလဲ မျိုးကြီး၊ ဒီမှာ အမ မူးလဲလို့ အေးငါ တို့သိတယ် ဟိုပဲအီကြာမဆိုင်ကယ်ငှား သွား တာ လုပ်ပုံက အချိုးမပြေဘူး၊ ညကျမှ အဆောင် မှာ တွေ့မယ် ဒီကောင်မဆိုပြီး ကျိမ်းတော့ ကျွှန်မကမဟုတ်ပါဘူး ညီမတို့ရယ် အမကနေကောင်းခါစ မိုလို့ ဘာညာဆိုပြီး ချော့ပြောရပါတယ်။ သူတို့ပုံစံ က ဟိုကောင်မလေးကို တွေ့ရင် တကယ်ကိုဝိုင်းရိုက်မဲ့အပေါက်လေ။ အဲဒီလို အလွဲတွေနဲ့ ယောက်ကျာင်္းလေး အဆောင်ထဲကိုမှ ခပ်တည် တည်နဲ့ ၀င်ပြီး သွားနားတဲ့ ကျွှန်မ၊ အဆောင်ရောက်တော့ လည်း ကျမညီမ သြော် ချရလောက်အောင် အတွဲညီတဲ့၊ ကံတရားအရ ခင်ဖို့ သူငယ်ချင်းတွေ အများကြီးရလာပါ တော့ တယ်။
2 comments:
ဘယ်အတန်းကလည်း သိချင်ပါတယ်ခင်ဗျာ ... တောင်ငူ ကွန်ပျူတာ အပတ်စဉ် လေးကပါ
well , nice to meet ya , I just going only 2 months at GCC so I really confuse what Intake is the really of me .
Post a Comment